ခရီးကိုဒုန်းစိုင်းမောင်းနှင်လာသောနွယ်၀ေဆိုတဲ့မိန်းမပျိုလေးဟာလမ်းခရီးတစ်ခုမှာသူတော်စင်ရသေ့နဲ့တွေ့လေသည်။
''ဒကာမဘယ်ကိုခရီးနှင်မလို့လဲကွယ်...''
နွယ်၀ေဆိုတဲ့မိန်းမပျိုဟာမြင်းပေါ်မှဆင်းကာရသေ့အားဦးချကန်တော့လေသည်။
''တင်ပါ့ဘုရားတပည့်တော်မ..တေဏိမာ၀ေတိုင်းချောင်းဦးရွာကိုသွားမလို့ပါဘုရား''
''ဪချောင်းဦးရွာကိုခရီးနှင်မလို့ကိုး...ကောင်းတယ်..ဒကာမကိုဘရသေ့တစ်ခုမှာချင်ပါတယ်...ဒကာမဆီကိုရောက်လာတဲ့သူကိုကယ်တင်ပေးပါပြုစုစောင့်ရှောက်ပေးပါကွယ့်..ကဲခရီးနောက်ကျနေတော့မယ်ကွယ့်သွားတော့ဒကာမ...''
ဘရသေ့ပြောတဲ့အဓိပ္ပာယ်ကိုနွယ်၀ေနားမလည်ချေ။ငါ့ဆီကိုရောက်လာမယ့်သူကဘယ်သူလဲဘရသေ့ကဘာလို့ကယ်ခိုင်းနေတာလဲ..အတွေးများစွာနဲ့ပင်ချောင်းဦးရွာဘက်ကိုဦးတည်ခရီးနှင်လာခဲ့လေသည်။
''ငါမစားဘူး..ငါ့ကိုလွှတ်ပေး...နင်တို့ကြောင့်ငါအမတော်ရောတူမတော်ရောသေကုန်ကြပြီး..နင်တို့ကိုငါမကျေနပ်ဘူး..သတ်မယ်''
လှထွေးနားငြီးလာ၍တောက်ခေါက်ကာ''ဒီမှာအမိခဗျားရဲ့အမနဲ့တူမကကျုပ်တို့လက်ကနေထွက်ပြေးခဲ့လို့ကျားကိုက်သေတာလေဘာလို့ကျုပ်တို့ကိုအပြစ်လာပုံချနေတာလဲ...နားငြီတယ်တိတ်တိတ်နေ..''
''လှထွေးအယုတ်တမာကောင်..နင့်ကိုငါသတ်မယ်..နင်တို့ညီအကို၂ယောက်လုံးကိုငါသတ်မယ်''
''အဲဒါကြောင့်အကိုခင်မောင်ကခဗျားကိုမချစ်တာမင်းသမီးတပါးဖြစ်ပြီးယဥ်ကျေးမှုကိုမရှိဘူး...''
လှထွေးပြောသည်ကိုအထိနာသွားသောသူမ
''အားးးးးး..လှထွေးအစုတ်ပလုတ်ကြီး..ငါ့ကိုလွှတ်ပေး...''
''ဟာနားငြီးတယ်ကွာဟေ့ကောင်တွေသူပါးစပ်ကိုခနတဖြုတ်ပိတ်ပေးစမ်းပါကွာ..ငါခနအိပ်မလို့..''
''လှထွေး..နင်တို့ငါအမကိုတောထဲမလွှတ်ခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး...နင်တို့ကြောင့်...နင်တို့လူစိတ်မရှိလို့ငါအမသေရတာ.''
YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actionဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...