နွယ်၀ေမနက်နိုးလာတော့ထိုလူကသူမဘေးနားမှာသူမအားဖက်ထားလေသည်။
အားးးး(နွယ်၀ေအော်လိုက်သည့်အသံပင်)
ဘုန်း
ဘုတ်!!!
အာ့
ဘိုးထေညကအိပ်မပျော်တာကြောင့်သူမဆီကိုရောက်လာပြီးဒီမှာဘယ်လိုအိပ်ပျော်သွားမှန်းပင်မသိတော့ပေ။
ကုတင်ပေါ်ကကန်ချခံရတာကြောင့်ကျောနဲ့ခါးရိုးတစ်လျှောက်ကိုဖိကာ''နွယ်၀ေဘာလို့ကျုပ်ကိုကန်ချရတာလဲ..''
ဘိုးထေတစ်ယောက်ငြီးငြူရင်းပြောလိုက်လေသည်။
''ရှင်ဘယ်လိုဖြစ်ပြီးကျမနေတဲ့တဲဆီကိုရောက်နေတာလဲ..ပြီးတော့ကျမဘေးနားမှာဘာလို့အိပ်နေရတာလဲ''
နွယ်၀ေတစ်ယောက်ကုတင်ပေါ်မှထရင်းမေးလိုက်လေသည်။
''အားပါးပါးနာလိုက်တာ..ခြေကန်ချက်ပြင်းပါပေ့နှမရယ်...''
''ဘယ်လိုခေါ်လိုက်တယ်!!''
''နှမလို့ခေါ်လိုက်တာလေ..ကျုပ်ခေါ်တာမကြိုက်လို့လား''
''မကြိုက်ဘူး..ရှင်နဲ့ကျမကချစ်သူတွေမဟုတ်ဘူး''
''ဒါဆိုလင်မယားပေါ့''
''ဘိုးထေ!!!..နင့်ကိုဘိုးယက္ခမြေးဆိုပြီးဘာမှမလုပ်တာကိုအခွင့်ကောင်းမယူနဲ့...ရှင်ကကျမနဲ့ဘာမှမပတ်သက်ဘူး...''
''နောက်ပတ်သက်ခဲ့မယ်ဆိုရင်ရောနွယ်၀ေ..မင်းဘာလုပ်မှာလဲ..ကျုပ်နဲ့နှမဖူးစာဆိုနှမဒီကံကြမ္မာကိုပြောင်းလဲလို့ရမှာမဟုတ်ဘူးနော်''ဘိုးထေကပြုံးစိစိနဲ့ပြောလာတော့နွယ်၀ေဟာသူ့အားထုရိုက်တော့သည်။
ဘုန်း..ဘုန်း..ဘုန်း
''လျှာရိုးမရှိတိုင်းလျှောက်မပြောလေနဲ့..ဘိုးထေကျမရဲ့ဓားကိုမြည်းစမ်းချင်လို့လား''
ထုရိုက်ရင်းပြောနေသောသူမနှုတ်ခမ်းတစ်စုံအားသူ့နှုတ်ခမ်းနဲ့ဖိကပ်ပိတ်ပစ်လိုက်လေသည်။
အွန်းးးး
ဘုန်း.
ထုရိုက်နေသောသူမလက်တို့အားဖမ်းချုပ်ကာနီရဲနေသောသူမနှုတ်ခမ်းတို့အားဘိုးထေတစ်ယောက်နမ်းရှိုက်ချင်နေခဲ့တာကြာပြီးအခုတော့ဘိုးထေအခွင့်အရေးကိုလက်လွှတ်မခံတော့ပေ။မွတ်သိပ်စွာနမ်းရှိုက်နေသောဘိုးထေကိုနွယ်၀ေမျက်လုံးအပြူးသားနဲ့စိုက်ကြည့်နေမိသည်။

YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Azioneဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...