အောင်သော၀ေရာတိုင်း
တိုင်းကြီးပြည်ကြီး၃ခုကိုပေါင်းစည်းထားသောတိုင်းပင်...
တိုင်းရေးပြည်ရေးအတွက်ညီလာသဘင်အစည်းအ၀ေးတက်ရောက်လာသောအောင်သော၀ေရာအရှင်မမဟာစောဒေ၀ီသည်ပါးလျသောရွှေဇာပု၀ါကိုလွှမ်းခြုံထားပြီးဘုရင်မတို့ဆောင်းအပ်သောထိပ်တင်သရဖူကိုဆောင်းကာရွှေရောင်တလက်လက်တောက်ပနေသောနန်းတော်သခင်အ၀တ်စားကိုဆင်ယင်၀တ်ဆင်ထားသည်မှာကျက်သရေရှိလှသည်။
မဟာဒေ၀ီခြေလှမ်းတိုင်းတွေလှပလွန်းလှသည်။မှူးကြီးမတ်ရာတို့ကအရှင်သခင်မအားအရိုအသေပေးကာဦးချကန်တော့ကြလေသည်။
ပုလ္လင်ထက်မှာစံကာမြန်းသောဒေ၀ီမဟာသခင်မ၏မော်ဖူးစေအမိန့်သံအဆုံးမှာအားလုံးသောအမတ်ကြီးပုဏ္ဏားများမှာခေါင်းမော့ကာအရှင်မအားမော်ဖူးခွင့်ရကြလေသည်။
''ဒီနေ့ညီလာခံအစည်းအ၀ေးခေါ်လိုက်ရတာတခြားအကြောင်းတော့မဟုတ်ဘူး...ငါကိုယ်တော်၏အောင်သော၀ေရာတိုင်းကျူးကျော်စစ်ခင်းဖို့ပြ်င်ဆင်နေကြသောသစ္စာဖောက်၇ပြည်ထောင်တို့ကြောင့်ပင်...''
ဘုရင်မ၏စကားကြောင့်အောက်မှခစားနေကြသောမှူးကြီးမတ်ကြီးတို့မှစကားသံများတီးတိုးသံများထွက်ပေါ်လာလေသည်။
''ငါကိုယ်တော်၏တိုင်းပြည်ကိုကာကွယ်ဖို့စစ်မက်အင်အားတွေအခုကတည်းကစုဆောင်းထားသင့်ပြီးတိုင်းပြည်ရေးအတွက်စစ်မှုထမ်းရန်ပြည်သားများအားမောင်းခတ်အမိန့်တော်ပြန်စေ...''
မဟာဒေ၀ီရဲ့တစ်ချက်လွှတ်အမိန့်တော်ကြောင့်မှူးကြီးမတ်ရာများဟာဦးချကာ
''အမိန့်တော်မြတ်တိုင်းပါဘုရား...''ညီလာခံအမတ်တစ်ဦးမှရွှေမောင်းကြီးကိုတီးခတ်ကာ
ဒူ.....
''ညီလာခံပြီးဆုံးကြောင်းအမိန့်တော်''
''မှန်လှပါဘုရား''
စောဒေ၀ီဟာသူ၏ဘယ်လက်ရုံးသက္ကနဲ့ညာလက်ရုံးဆတ္တတို့ကိုပန်းတော်တစ်ထောင်ဥယျာဥ်သို့လာခဲ့ရန်မှာကြားလိုက်လေသည်။
သက္ကနဲ့ဆတ္တတို့ဟာညီအကိုတွေဖြစ်ကြပြီးမဟာစောဒေ၀ီရဲ့ကျွေးမွေးပြုစုမှုကြောင့်အခုလိုအခြေအနေထိရောက်လာခဲ့လေသည်။

YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actionဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...