နှစ်၂၀ခန့်ကြာသော်
အရှေ့တိုင်းနဂါးမျိုးနွယ်
မဟာဟိတ္တရာဇ်တိုင်း၏စစ်ရေးလေ့ကျင့်ရာတပ်ထဲတွင်ဓားသိုင်းကျင့်နေသောကောင်ငယ်လေးတစ်ယောက်ထိုကောင်လေးရဲ့ဓားသိုင်းတွေဟာနဂါးတွေရဲ့ကျင့်ကြံခြင်းတွေကွဲထွက်နေလေသည်။
ရား..၀ှစ်..
ခုတ်ပိုင်းလိုက်သောဓားချက်တွေကမြန်ဆန်ပြီးလျှပ်တပြက်အတွင်းအရှေ့ကသစ်သားရုပ်ကြီးကိုထက်ပိုင်းပြတ်စေသည်။
၀ိုး...ဖြောင်း...ဖြောင်း..ဖြောင်း
''အိမ်ရှေ့စံမင်းသားဓားရေးပြတာတော်တယ်ဗျာ...ကျွန်တော်မျိုးတို့ကိုလည်းဒီဓားလေ့ကျင့်နည်းကိုသင်ပါအုန်းအိမ်ရှေ့စံမင်းသား...''မင်း၀ဿန်သူ့အနားသို့ရောက်လာသောရဲမက်တို့အားခေါင်းငြိမ့်ပြကာသူ့လေ့ကျင့်ထားသောဓားရေးကိုပုံစံပြကာလေ့ကျင့်ပေးလေသည်။
နန်းရင်ပြင်ပေါ်ကနေသားဖြစ်သူအားလှမ်းကြည့်နေသောလိပ်ပြာငယ်နဲ့သမီးကြီးမိုး၀ဿန်တို့ဟာတလင်းပြင်မှာအတော်လေးလေ့ကျင့်နိုင်သည့်သားဖြစ်သူကိုချီးကျူးသောမျက်လုံးတွေနဲ့စိတ်၀င်တစားကြည့်နေကြလေသည်။
''မေမေကိုကြီး၀ဿန်ကခမည်းတော်လိုဘဲနော်ဓားရေးလေ့ကျင့်နေရရင်ဘာမှကိုသတိမထားတော့ဘူး..''
လိပ်ပြာလည်းသားဖြစ်သူရဲ့ဓားရေးမှာစိတ်ပါ၀င်စားစွာနဲ့ကြည့်နေတာကြောင့်ထမင်းစားချိန်ကိုတောင်မေ့လျော့နေလေသည်။သမီးကြီးမိုး၀ဿန်ပြောမှသာသတိရတော့သည်။
''အေးသမီးကြီးမေမေမေ့လျော့နေတာကွယ်သမီးဗိုက်ဆာနေပြီးလား...''
''မေမေကိုကြီးကိုအရင်သွားခေါ်လိုက်အုန်းမယ်ပြီးမှအတူတူစားကြတာပေါ့''ထိုအချိန်မှာသမီးငယ်မြဟေမာန်ကလိပ်ပြာတို့ဆီကိုရောက်လာပြီး''မေမေနဲ့မမမယ်တော်နဲ့မမထိပ်ထားတို့ကနေ့လည်ပွဲတော်တည်ဖို့စောင့်နေကြလေပြီးကွယ့်..''
''ဟုတ်လားသမီးဘုံနဲ့သမီးထိပ်ထားကိုတော့အားနာစရာတွေဖြစ်စေပြီး..ကဲကဲသမီးကြီးကကိုကြီးကိုသွားခေါ်လာခဲ့ချေ..မေမေညီမလေးနဲ့လိုက်သွားမယ်..''

YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actieဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...