အနောက်တိုင်းနဂါးမျိုးနွယ်
ဟေဓိဇေမာန်တိုင်းပြည်
အရှေ့တိုင်းနဂါးမျိုးတော်တို့ဟာစစ်အင်အားအလုံးအရင်းနဲ့အနောက်တိုင်းကိုကျူးကျော်၀င်ရောက်လာတာကြောင့်အနောက်တိုင်းနဂါးမျိုးနွယ်တော်တို့ထိတ်လန့်တကြားဖြစ်ကုန်လေသည်။
''အရှေ့တိုင်းနဂါးမျိုးနွယ်တွေရောက်လာတယ်ဟုတ်လားစစ်သူကြီး''
''မှန်ပါ့အရှင်မဘုရား...''
အခုချိန်မှာမောင်တော်ဘုရားကအရှေ့တိုင်းနဂါးမင်းနဲ့စီးချင်းတိုက်နေကြလေသည်။အခုကအနောက်တိုင်းကိုအရှေ့တိုင်းနဂါးမျိုးနွယ်ဆီကဘာကြောင့်ရောက်လာရသနည်း...ကျူးကျော်ဖို့ရောက်လာကြတာလား
ပန်းကညာမှာသမီးငယ်လေးကိုပွေ့ချီကာနန်းရင်ပြင်ဆီသို့ဦးဆောင်ထွက်လာခဲ့လေသည်။
၀သုန်အနောက်တိုင်းမျိုးနွယ်စုကိုထွက်လာတော့အနောက်ပါးကနေကိုယ်ရံတော်တွေရောစစ်သူကြီးတွေကပါရဲမက်စစ်သည်အပေါင်းတို့ခြံရံကာ၀သုန်ကိုကာကွယ်ရန်လိုက်လာကြလေသည်။
ပန်းကညာသမီးငယ်ကိုချီရင်နန်းရင်ပြင်ဆီကိုရောက်လာခဲ့လေသည်။
၀သုန်ပွေ့ချီထားသောသူကိုမြင်တော့ပန်းကညာတစ်ယောက်ကမ္ဘာပျက်မတတ်ပင်ခံစားရမလိုဖြစ်သွားကာသမီးလေးပင်သတိမရတော့ဘဲအနောက်သို့ယိုင်လဲကျခါနီးမှာကိုယ်ရံတော်တွေ၀ိုင်း၀န်းထိန်းပေးလိုက်တာကြောင့်ကလေးကဘာမှမဖြစ်သွားပေ။
''မောင်တော်ဘုရား..အဲဒါမောင်တော်မဟုတ်လား...''၀သုန်လက်ထဲမှာအသက်မဲ့နေသောဇော၀ိတကိုကြည့်ကာမေးလိုက်တာကြောင့်၀သုန်ခေါင်းငြိမ့်ပြကာ''ဟုတ်တယ်ဒါကအနောက်တိုင်းနဂါးမျိုးနွယ်ရဲ့အရှင်ဇော၀ိတပါ...ကျွန်ုပ်နဲ့စီးချင်းပြိုင်ပွဲမှာအပြစ်ပြုခဲ့တာကြောင့်နဂါးအုပ်ချုပ်သူအရှင်သခင်ဖြစ်တဲ့ကျွန်ုပ်ကိုယ်တိုင်ကွပ်မျက်ခဲ့တာ...အခုသူ့ရဲ့နေရပ်ဖြစ်တဲ့အနောက်တိုင်းကိုလာရတာကလည်းသူ့ရဲ့နောက်ဆုံးအချိန်ကိုမိသားစုတွေနဲ့အတူရှိနေစေချင်တဲ့ကျွန်ုပ်ရဲ့ဆန္ဒပါ...နောက်တစ်ချက်ကဇော၀ိတကိုယ်တိုင်မှာကြားခဲ့တဲ့အတိုင်းအနောက်တိုင်းနဂါးမျိုးနွယ်တော်တို့အားဇော၀ိတ၏အပြစ်ကိုမျိုးနွယ်တော်တို့အားမထိရောက်စေဖို့လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးအရှင်မနဲ့သမီးတော်လေးကိုစောင့်ရှောက်ပေးဖို့အတွက်ကျွန်ုပ်ကိုမှာခဲ့တယ်...ဇော၀ိတရဲ့တောင်းဆိုမှုတို့ကိုကျွန်ုပ်လျစ်လျူမရှုထားနိုင်ပါ..ဒါကြောင့်အနောက်တိုင်းနဂါးမျိုးနွယ်တော်တို့အားလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးအရှင်မအားအနောက်တိုင်းမျိုးနွယ်စုခေါင်းဆောင်ရာထူးကိုငါကိုယ်တော်ခန့်အပ်မယ်...သမီးတော်လေးအားအိမ်ရှေ့စံမင်းသားရာထူးကိုခန့်အပ်မည်အမိန့်တော်''၀သုန်ရဲ့အမိန့်သံအဆုံးမှာအားလုံးသောနဂါးအပေါင်းတို့ဟာဒူးထောက်ဦးညွတ်အရိုအသေပြုကြလေသည်။
ပန်းကညာမှာသူမ၏မောင်တော်ဘုရားအားဦးချကန်တော့ကာအုပ်ချုပ်သူပေးအပ်တဲ့အရှင်သခင်ရာထူးကိုဆက်ခံလိုက်လေသည်။သမီးတော်ရတုနောင်ကိုအုပ်ချုပ်သူ၀သုန်ကနဂါးမျိုးနွယ်တော်တွေအရှေ့၌ပင်ကောင်းချီးပေးကာအိမ်ရှေ့မင်းရာထူးကိုခန့်အပ်ခဲ့လေသည်။
''ဒီလည်ဆွဲကမင်းကိုအဖော်ပြုပေးပါလိမ့်မယ်သမီးလေး..''ကလေးမရတုနောင်၏လည်ပင်ထက်မှာရွှေရောင်တဖိန့်ဖိန့်တောက်နေသောနဂါးလည်ဆွဲလေးကနေရာယူထားလျက်ပင်...
၀သုန်တို့အရှေ့တိုင်းနဂါးမျိုးနွယ်တော်တို့ဟာဇော၀ိတ၏ဈာပနအခမ်းအနားပွဲပြီးဆုံးသွားပြီးမို့နေရပ်ကိုပြန်ဖို့ဖြစ်လာတော့သည်။
''အရှင်ကျနော်မျိုးမတို့ဆီမှာမနေတော့ဘူးလားဘုရား''ပန်းကညာက၀သုန်တို့ပြန်မှာကိုစိုးရိမ်နေပုံရသည်။
''ကျွန်ုပ်မှာတာ၀န်တွေရှိသေးတယ်သခင်မကျွန်ုပ်နဂါးမျိုးနွယ်တော်တို့အတွက်လုပ်ဆောင်ရမှာတွေအများကြီးရှိသေးလို့ဒီမှာကြာကြာနေလို့မရပါဘူး...''
''ဒါဆိုအရှင်ကျနော်မျိုးမတို့တိုင်းပြည်ကိုမကြာမကြာလာလည်ပါနော်ကျနော်မျိုးမရဲ့အနောက်တိုင်းနဂါးမျိုးနွယ်တော်တို့ဟာအရှင့်လိုစိတ်နှလုံးဖြူစင်ပြီးသဘောထားပြည့်၀တဲ့ခေါင်းဆောင်ကောင်းကိုကြိုဆိုလျက်ပါအရှင်...''
''ကျွန်ုပ်အခွင့်သာရင်လာခဲ့ပါ့မယ်သခင်မအခုတော့ခွင့်ပြုပါအုန်း..သမီးလေးရတုရေဦးရီးတော်သွားအုန်းမယ်နော်နောက်မှတွေ့မယ်''ရတုကအရှင့်အားရယ်ပြကာနှုတ်ဆက်လေသည်။
၀သုန်ရွှေရောင်နဂါးကိုယ်ထည်ကိုဖန်ဆင်းပြီးဟေဓိဇေမာန်တိုင်းကို၇ပတ်ပတ်ကာကောင်းကင်ကြီးဆီသို့ပျံတက်သွားလေသည်။
''အုပ်ချုပ်သူနဂါးမင်းကျန်းမာပါစေသက်တော်ရာကျော်ရှည်ပါစေ..တိုက်ပွဲတိုင်းအောင်နိုင်ပါစေ...''
''အုပ်ချုပ်သူနဂါးမင်းကျန်းမာပါစေသက်တော်ရာကျော်ရှည်ပါစေ..တိုက်ပွဲတိုင်းအောင်နိုင်ပါစေ...''
''အုပ်ချုပ်သူနဂါးမင်းကျန်းမာပါစေသက်တော်ရာကျော်ရှည်ပါစေ..တိုက်ပွဲတိုင်းအောင်နိုင်ပါစေ...''
အနောက်တိုင်းနဂါးမျိုးနွယ်တော်တို့ဟာအ၀ေးသို့ပျံသန်းသွားပြီးဖြစ်သော၀သုန်အားကောင်းချီးပေးကာအော်ဟစ်နှုတ်ဆက်ကြလေသည်။
################################

YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Açãoဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...