ဒီနေ့လပြည့်နေ့မိုးကောင်းကင်မှာလမင်းကြီးကထိန်ထိန်သာနေလေသည်။
အနောက်တိုင်းနဂါးမင်းဇော၀ိတကတိုက်ခိုက်ဖို့ကိုကိုယ်ရေးဟန်ရေးပြသနေလေသည်။အနောက်တိုင်းနဂါးမျိုးနွယ်စစ်သည်တို့ဟာသူတို့ရဲ့အရှင်ဟန်ရေးပြနေသည်ကိုအော်ဟစ်အားပေးနေလေသည်။
''ရေး..ဇော၀ိတမင်း..အရှင်နဂါးမင်းဇော၀ိတ.ဟေး....ဟေး...''
''အရှေ့တိုင်းနဂါးမင်းသုခရာဇာဘယ်လိုလဲဒီနေ့စီးချင်းတိုက်မှာကိုကြောက်လို့မလာသေးတာလားဟေ့''
''ဟားဟားဟား''
ဟားတိုက်ရယ်မောနေသောစစ်သည်တို့ကို၀သုန်မိုးမခပင်ကြီးဆီကနေလှမ်းကြည့်နေလေသည်။
သေရည်ကိုမော့သောက်နေသော၀သုန်ကသူတို့ထက်ဦးစွာပင်ရောက်နှင့်နေခဲ့လေသည်။
''တော်တော်စကားကြီးစကားကျယ်ပြောတဲ့ကောင်တွေဘဲ..ထွီ!!!''
လက်ထဲကသေရည်ထည့်ထားသောဘူးသီးခြောက်ကိုလွှင့်ပစ်လိုက်ပြီး''အပေါက်ချောင်တဲ့ကောင်တွေဆိုငါအရမ်းမုန်းတာ..''
၀သုန်တစ်ယောက်နဂါးအသွင်ဖန်ဆင်းကာကောင်းကင်ပေါ်သို့လေဟုန်စီးကာပျံတက်လာလေသည်။
ဇော၀ိတတစ်ယောက်သူအားကြောက်လန့်ကာမလာတော့ဘူးထင်နေပေမယ့်မိုးကောင်းကင်ပေါ်မှာရွှေရောင်အလင်းတန်းနဲ့တောက်ပနေသောနဂါးတစ်ကောင်ဟာဇော၀ိတတို့ရှိရာဆီသိူ့တဟုန်ထိုးဆင်းသက်ပြီးနောက်အနောက်တိုင်းနဂါးမျိုးနွယ်တော်တို့အားပြင်းထန်သောမီးတောက်တွေကိုနှုတ်လမ်း၀မှမှုတ်ထုတ်လိုက်လေသည်။
ရှူး!!!
အားးးး
နာကျင်စွာအော်ဟစ်ကာသေဆုံးကုန်ကြသောမျိုးနွယ်စုနဂါးတို့အားကြည့်ကာဇော၀ိတတစ်ယောက်အလွန်အမင်းဒေါသထွက်သွားလေသည်။
''ဟင်အုပ်ချုပ်သူနဂါးမင်း..''ဇော၀ိတတစ်ယောက်ရွှေရောင်တောက်ပနေသောနဂါးမင်းအားမယုံကြည်နိုင်စွာကြည့်ကာမေးလိုက်လေသည်။
''အသင်ကဘယ်သူလဲ..ဘာလို့ကျုပ်တို့မျိုးနွယ်စုကိုတိုက်ခိုက်ရတာလဲ''
YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actionဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...