လှထွေးတစ်ယောက်နေ့တိုင်းအလေနသောလိုက်နေခဲ့တာအခုတော့သူ့မှာအလုပ်ကိုင်တစ်ခုရှိသွားလေပြီးအကြောင်းမှာနဂါးပြည်ကရောက်လာသောနဂါးပျို၏မျက်နှာတော်အားအချိန်ဖူးတွေ့ရဖို့ကသူ့အလုပ်တစ်ခုလိုဖြစ်နေလေပြီး..
ဆရာကလှထွေးသဘောမနောတွေကောင်းပေးသလားမှတ်ရတယ်ဆရာကနဂါးပြည်ကိုသွားဖို့အတွက်ဒီဘက်မှာမပြီးပြတ်သေးတဲ့လေ့ကျင့်ရေးတွေကိုလုပ်နေရတာကြောင့်အချိန်၂လကြာနိုင်သည်တဲ့လေ..လှထွေးအတွက်ဆရာကအခွင်းအရေးပေးလိုက်သလိုပါဘဲ..အလွန်ကိုပင်ပျော်ရွှင်မိပါတယ်ဆရာသမားရေ...
လှထွေးအိပ်ယာကိုနောက်ကျမှထတတ်သည့်အကျင့်ရှိလေတော့မနက်စောစောစီးစီးနိုးနေပြီနန်းရင်ပြင်မှာကျွမ်းထိုးပျော်မြူးနေတာကိုမြင်သောခင်မောင်ကမျက်လုံးပြန်လည်ပွတ်သပ်ကာလှထွေးအားပြန်ကြည့်လေသည်။
''ဒီကောင်မနက်စောစောစီးစီးနိုးနေလို့ပါလား..အခုတလောအကျင့်တွေပြောင်းလဲနေသလိုပါဘဲ...''
လှထွေးတစ်ယောက်ကျွမ်းထိုးပြီးနောက်သူမရှိရာအဆောင်တော်သို့ကြွမြန်းဖို့အတွက်စားဖိုဆောင်ဘက်ကြွကာမနက်စာအစုံအလင်ခင်းကျင်းထားပေးတဲ့တွန်းလှည်းကိုဆွဲကာနဂါးပျို၏အဆောင်တော်သို့လျင်မြန်စွာပင်ထွက်လာခဲ့လေသည်။
ကျွီ..ကျွီ..ကျွီ...
တွန်းလှည်းဘီးကမခိုင်တော့ဘူးထင်တယ်တကျွီကျွီနဲ့မြည်သံပေးနေလေသည်။
အဆောင်တော်ရှေ့ကိုရောက်တော့လှထွေးတစ်ယောက်ခေါ်ရင်ကောင်းမလားမခေါ်ရင်ကောင်းမလားတွေးနေချိန်မှာပင်''အပြင်မှာအေးတယ်အထဲကို၀င်ခဲ့လှထွေး''အခန်းထဲမှသူမအသံကိုကြားတော့သူမနိုးနင့်နေပြီးဆိုတာသိလိုက်လေသည်။ဒါကြောင့်လှထွေးတွန်းလှည်းကိုအဆောင်တော်ထဲကိုတွန်း၀င်လာခဲ့လေသည်။
အပြင်ဘက်မှာကမှောင်နေသေးသည်။လေအေးတွေကလည်းတဖြူးဖြူးနဲ့တိုက်နေတာကြောင့်လှထွေးအဆောင်တော်တံခါးကြီးကိုပိတ်လိုက်လေသည်။
အဆောင်တော်ထဲမှာတော့ပျားဖယောင်တိုင်ကြီးတွေကိုထွန်းထားတာကြောင့်အခန်းတစ်ခုလုံးလင်းထိန်နေလေသည်။

YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Aksiဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...