သစ္စာ၀သုန့်အတွက်ထမင်းပွဲပြင်ဆင်ပေးနေတုန်းအဘကရောက်လာလေသည်။
''သမီးအခုတလောမျက်နှာကရွှင်ပြနေတယ်...အဘအခုလိုတွေ့ရတာ၀မ်းသာတယ်ကွယ်''
''သစ္စာအခုလိုပျော်ရွှင်တာက၀သုန်ကြောင့်ပါအဘ...''
ဦးခမ်းနောင်သမီးဖြစ်သူအပြောကိုမအံ့သြဘဲပြုံးပြလိုက်သည်။
ဒါကိုသစ္စာကမြင်ပြီး''အဘမအံ့သြဘူးလား..''
''အဘအကဲခတ်မိနေတာကြာပြီး..''
''ရှင်''
''သမီးမျက်၀န်းတွေက၀သုန့်အပေါ်မှာညီမတစ်ယောက်ထက်ပိုတယ်ဆိုတာအဘတွေ့ခဲ့ရတယ်..''
''အဘ''
''အဘသမီးတို့ကိုမတားပါဘူး...သမီးကအရွယ်ရောက်ပြီးဘယ်အရာကမှားလဲမှန်လည်းဆိုတာသမီးဆုံးဖြတ်တတ်နေပြီးဘဲ၀သုန်ကဆိုးသွမ်းနေပေမယ့်စိတ်ထားမွန်မြတ်ပြီးလူတွေကိုကူညီတတ်တဲ့လူကောင်းဆိုတာအဘသိတယ်.....ကဲသမီး၀သုန်ဗိုက်ဆာနေရော့မယ်သွားတော့ကွယ့်''
''ဟုတ်ကဲ့အဘ...''သစ္စာ၀သုန်အတွက်ထမင်းခူးခပ်ပြီး၀သုန့်အခန်းဆီသို့ယူလာခဲ့လေသည်။
''၀သုန်ရေ..၀သုန်''
၀သုန်အခန်းထဲမှာညီခင်ခိုးလာပေးတဲ့ဓားသိုင့်ကျမ်းကိုဖတ်ကြည့်နေချိန်အပြင်မှာအမခေါ်သံကြောင့်၀သုန်ကျမ်းစာကိုစားပွဲရဲ့ပျဥ်အောက်မှာဖွက်ထားလိုက်လေသည်။
ပြီးမှတံခါးသွားဖွင့်ပေးလေသည်။
တံခါးဖွင့်လာသော၀သုန်ကရေချိုးပြီးခါစနဲ့တူသည်။အကျီမ၀တ်ထားသော၀သုန်အား''မင်းအတွက်ထမင်းခူးလာပေးတာ..''
''အော်ဟုတ်...အမကိုပင်ပန်းစေမိပြီး...''
''တို့ကစိတ်ပါလို့လုပ်ပေးတာပါ...မင်းဘာလို့အကျီမ၀တ်သေးတာလဲညဘက်အေးကအေးနဲ့...''
၀သုန်အမပြင်ပေးသောထမင်းကိုမိန်ရည်ရှက်ရည်စားနေရင်း''ကျုပ်ကခနကမှရေချိုးပြီးတာဗျ..ကျုပ်ရေချိုးပြီးခါစအကျီမ၀တ်တတ်ဘူး....အမခူးခပ်ပေးလို့လားမသိအရသာရှိလိုက်တာ''
''ပိုပြီး...ထမင်းကုန်အောင်စားရမယ်နော်..''
''အင်း..''၀သုန်ထမင်းစားပြီးတော့သစ္စာထမင်းပန်ကန်ကိုသိမ်းပေးရင်း''၀သုန်ညကျရင်ဘယ်သွားဖို့ရှိလဲ''

YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Hành độngဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...