၀သုန်အဆောင်ဘက်ကိုမပြန်သေးဘဲကြာကန်ပေါ်ကတံတားဆီသို့ထွက်လာခဲ့လေသည်။
ဒီနေ့မှကောင်းကင်ပေါ်မှာကြယ်တွေကတောက်ပလို့နေသည်။
ခုနှစ်စင်ကြယ်လေးတွေကအရောင်တဖိန့်ဖိန့်နဲ့တောက်ပလို့နေသည်။
တံတားရဲ့ဘေးဘောင်ပေါ်မှာဒူးတစ်ဖက်ထောင်ကာမိုးပေါ်ကကြယ်များကိုအကြောင်းမဲ့ရေတွက်နေမိသည်။
''ကြယ်တွေကဒီနေ့မှအရောင်လက်ပြီးအရေအတွက်များလာတယ်...တစ်ခု...၂ခု...မရေမတွက်နိုင်အောင်များလှတယ်...''
ပါးစပ်ထဲမှပေါက်ကရတွေကိုအကြောင်းမဲ့ပြောနေသော၀သုန်...လက်ဆွဲတော်ဓားဆီသို့အကြည့်ရောက်သွားခိုက်...
လွန်ခဲ့သောနှစ်၂၀ခန့်
''အီးဟီးဟီး...''ကလေးတစ်ယောက်ဟာ၀ါးရုပ်လေးတစ်ရုပ်မြင်ပြင်ပေါ်မှာပျက်စီးသွားတာကြောင့်ငိုယိုနေလေသည်။
''ဟေ့ဘာဖြစ်ကြတာလဲ...''
''ဆရာ..''ဦးခမ်းနောင်တစ်ယောက်အနားသို့ရောက်လာတော့အရုပ်ပျက်စီးသွားတာကြောင့်ငိုယိုနေသောကလေးမနဲ့အရုပ်ကိုဖျက်ဆီးခဲ့သောကလေးကတောင်းပန်နေတာကိုတွေ့ရလေသည်။
*ဒီကလေး၂ယောက်လည်းမတွေ့လို့ရရင်သိပ်ကောင်းသားအမြဲတမ်းရန်ဖြစ်နေကြတာ..ဟူး*
၀သုန်လိပ်ပြာဘေးနား၀င်ထိုင်တော့လိပ်ပြာက၀သုန့်အားတွန်းဖယ်ကာ''ငါ့နားမလာနဲ့ငါနင့်ကိုမုန်းတယ်..သွား...''အော်ငိုကာပြောနေသောသူမကို၀သုန်မမှိတ်မသုန်စိုက်ကြည့်ရင်း''ငါအသစ်ပြန်လုပ်ပေးမယ်နင်ကြိုက်တဲ့အရုပ်တစ်ခုထဲမဟုတ်ဘူးအများကြီးငါလုပ်ပေးမယ်လေ...ငါ့ကိုမမုန်းပါနဲ့လိပ်ပြာရယ်နော်...ငါ့ကိုစိတ်ဆိုးတယ်ဆိုစိတ်ဆိုးပြေပါတော့...ငါတောင်းပန်ပါတယ်...''
လိပ်ပြာက၀သုန့်အပြောကိုလက်မခံသည့်နှယ်ခေါင်းခါရမ်းပြလေသည်။
''နင်စိတ်ဆိုးပြေအောင်ငါဘာလုပ်ပေးရမလဲပြောလေ...''
လိပ်ပြာအတန်ငယ်စဥ်းစားလိုက်ပြီးနောက်၀သုန့်အား''နင်မျောက်ကကပြ..အဲဆိုငါနင့်ကိုစိတ်ဆိုးပြေပေးမယ်...''

YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actionဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...