လိပ်ပြာချစ်ရသူကိုဒီနေ့ထိစောင့်မျှော်နေခဲ့ပေမယ့်သိပ်ချစ်ရသူ၏အရိပ်ယောင်တောင်မတွေ့ရပါချေ။
''၀သုန်နင်အခုဘာတွေလုပ်နေတာလဲငါသိချင်မိတယ်...ငါ့ကိုမေ့သွားပြီးအချစ်သစ်နဲ့ပျော်ရွှင်နေပြီးလားငါစိုးရိမ်တယ်၀သုန်ရယ်...''
တိုင်းရေးပြည်ရေးအကြောင်းတစ်စွန်းတစ်စကြားသိရပေမယ့်၀သုန်သတင်းကိုတော့စိုးစင်းလေးမျှမကြားသိခဲ့ရပေ။
''လိပ်ပြာငယ်...''
လိပ်ပြာအတွေးတွေနယ်ချဲ့နေချိန်ချောင်းစပ်ကိုရောက်လာသောသူရပင်...လိပ်ပြာအားပြုံးပြရင်းသူမဘေးနား၀င်ထိုင်ကာ''နင်ဒီမှာဘာလုပ်နေတာလဲ''
''ဒီလိုပါဘဲပျောက်သောသူကိုလွမ်းဆွတ်တမ်းတနေတာပေါ့သူရရယ်...နင်ဒီနေ့တောထဲမသွားဘူးလား''
သူရကလိပ်ပြာကိုငေးကြည့်နေရင်းချောင်းရေပြင်ကိုကြည့်ကာ''နင်သူ့ကိုစောင့်မျှော်နေရတာမပင်ပန်းဘူးလားလိပ်ပြာ..ထွက်သွားသူကတော့ဘယ်ချိန်ပြန်လာမလဲမသိဘူး..မျှော်နေတဲ့နင်ကတော့အခုချိန်ထိသူ့အပေါ်မှာဘဲခံစားချက်တွေရှိနေခဲ့တာလားလိပ်ပြာ...''
အဟင်း
သူရအမေးကိုလိပ်ပြာသဘောကျစွာရယ်လိုက်မိသည်။
''ဘယ်လိုမေးလိုက်တာလဲသူရရယ်...နှစ်တွေဘယ်လောက်ပဲကူးသွားပါစေရာသီတွေအလီလီပြောင်းလဲသွားပါစေငါမေတ္တာတွေကတစ်ယောက်သောသူဖြစ်တဲ့မင်း၀သုန်ဆီမှာဘဲထာ၀ရတည်ရှိနေတော့မှာ...ပြောင်းလဲခြင်းကင်းတဲ့ချစ်မေတ္တာတွေနဲ့သူ့အပေါ်မှာတစ်သက်လုံးမေတ္တာရှိသွားမှာ..တခြားသူကိုသူ့နေရာမှာအစားထိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူရရယ်...''
စကားပြောတာကစပြတ်သားလွန်းသောသူမဟာအခုလည်းသူရအမေးကိုပြတ်သားစွာနဲ့ဖြေကြားလာခဲ့သည်။
မေတ္တာရှိခဲ့သောမိန်းမပျိုထံမှတခြားယောကျာ်းတစ်ယောက်အပေါ်မှာထားတဲ့ချစ်မေတ္တာကိုကြားသိရတော့ခံပြင်းမိပေမယ့်သူမ၏သစ္စာရှိမှုကိုတော့သူရလေးစားမိသည်။သူမလိုမိန်းမပျိုတွေကလောကမှာရှားပါးလွန်းတယ်လေ...တစ်ယောက်ထဲကိုသာသေတဖန်သက်တဆုံးထိချစ်သွားမည်ဆိုကတည်းကသူမဟာချစ်သူအပေါ်အလွန်သစ္စာရှိသောမိန်းမပျိုလေးတစ်ဦးဆိုတာသူရသိခဲ့ရသည်။
YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actionဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...