~ အစိမ်းသက်သက် ~
အပိုင်း(၁)
ကားတစ်စီးအရှိန်ပြင်းစွာဖြင့်
အမျိုးသမီးငယ်တစ်ဦးကို ဖြတ်တိုက်သွားခဲ့ရာ..သူမခြေထောက်နှစ်ဖက်လုံး သွေးအလိမ်းလိမ်းဖြင့်........"ကျွန်မ....ကျွန်မခြေထောက်တွေလှုပ်လို့မရတော့ဘူး..... အား!!!! "
ဒေါ်မြပုံတစ်ယောက် မိမိရှေ့မှ ဆေးတံသောက်နေသော ဦးစောရမှိုင်းကိုကြည့်ကာ မျက်စိမျက်နှာများပျက်ယွင်းနေလေသည်။ဦးစောရမှိုင်းကတော့ ခပ်အေးအေးဖြင့်သာ ဆေးတံကိုသောက်၍ အငွေ့များမှုတ်ထုတ်နေလိုက်သည်။
.
"ခင်ဗျား.. ..အခု ဘယ်လိုဆက်လုပ်မလည်း ဒေါ်မြပုံ.... ကျုပ်တို့အဘိုးအဘေးတွေလက်ထပ်ကတည်းက တည်ထားခဲ့တဲ့ဂတိ......ကျုပ်တို့မျိုးဆက်ထဲက ဗုဒ္ဓဟူးသားနဲ့...ခင်ဗျားတို့မျိုးဆက်ထဲက ကြာသပတေးသမီးကို ထိမ်းမြားလက်ထပ်ပေးရမယ်လို့ ဂတိကဝတ်ပြုခဲ့ကြတာ ခင်ဗျား မှတ်မိပါတယ်နော်....."
"ဟုတ်ကဲ့......ကျွန်မသိပါတယ် ဦးစောရ..."
"ဒါဆို အခုကိစ္စဘယ်လိုလုပ်မလည်း....ကျုပ်က ဒုက္ခိတမိန်းကလေးတစ်ယောက်ကိုတော့ ချွေးမ
မတော်နိုင်ဘူးနော်...ပြီးတော့ ခင်ဗျားသမီးက သူ့ရည်းစားနဲ့ထွက်ပြေးတာဆိုဘဲ.....ဒီလိုမဖြူစင်တဲ့မိန်းကလေးတစ်ယောက်ကိုလည်း.. ကျုပ်လက်မခံနိုင်ဘူး...""ကျွန်မသမီးလေးက ထွက်ပြေးဖို့ဘဲစီစဥ်..."
"ကျုပ်လက်မခံနိုင်ဘူးလို့ ခင်ဗျားကိုပြောပြီးပြီလေ.....အဲဒီ့တော့ ခင်ဗျားတို့မျိုးရိုးက ဂတိသစ္စာပျက်တဲ့မျိုးရိုးဆိုတာ ကျုပ်ကြေညာပြမယ်..... ကျုပ်အချစ်ဆုံးသား...ကျုပ်ရဲ့အငယ်ဆုံးသားကိုတော့ ဒီလိုမိန်းကလေးမျိုးနဲ့မပေးစားနိုင်ဘူး..."
နားထင်ကြောများပြိုင်းပြိုင်းထနေသည့်အထိ စကားကိုခပ်ပြတ်ပြတ်ပြောပစ်လိုက်သည်။ ငွေရှိ အာဏာရှိသူပီပီ....စကားလုံးတွေကလည်း အထက်စီးဆန်ကာ ရင့်သီးမှုကလည်း တပြားသားမှ မလျှော့ပါ........
"အဘိုးရဲ့ အချစ်ဆုံးသားကို ကျွန်မက လက်ထပ်မယ်ဆိုရင်ရော......"

YOU ARE READING
~အစိမ်းသက်သက်~
Romanceဂတိတစ်ခုကြောင့် လက်ထပ်ခဲ့ရပေမယ့် အိမ်ထောင်ရေးက လုံးဝကို အစိမ်းသက်သက်ဖြစ်နေတယ်။