part~17

7.3K 102 1
                                    

~အစိမ်းသက်သက် ~

အပိုင်း(၁၇)



"လူနာအခြေအနေက ကိုမာဖြစ်နိုင်တဲ့အခြေအနေတော့
မဟုတ်ပါဘူး ဒါပေမယ့် သွေးထွက်လွန်ထားတာဆိုတော့ ချက်ချင်းကြီး သတိမရနိုင်သေးဘူး.....ရက်အနည်းငယ်လောက်တော့ စောင့်ကြည့်ရမယ်ထင်တယ်..... အလွန်ဆုံးနှစ်ပတ်ပေါ့..."


"ဟုတ်ကဲ့ပါ ဒေါက်တာ.....ကိုမာမဖြစ်ဘူးဆိုတော့ တော်သေးတာပေါ့... "



ဆရာဝန်က သေချာပြောပြမှ ပိုးနှယ်ပုံတို့လင်မယားနှစ်ယောက်လုံး စိတ်အေးသွားရတော့သည်။ မဟုတ်လျှင် မစံပယ်ကိုမာများဝင်သွားရင် ဗိုက်ထဲက သန္ဓေသားကို ခွဲထုတ်ပစ်ရမှာတဲ့....အခုတော့ တော်သေးတာပေါ့....... မိခင်ရောကလေးရော ဘာမှမဖြစ်လို့.....



ဦးဝဠာမှိုင်းက ပိုးနှယ်ကိုစိတ်မချ၍ သူကိုယ်တိုင်လိုက်လာတာလည်းဖြစ်သည်။ မစံပယ်ကို အခုလိုလုပ်ခဲ့တဲ့သူတွေက ဆေးရုံတင်ပေးခဲ့သည့်ပိုးနှယ်ကို အငြိုးထားချင်ထားနေပေလိမ့်မည်ဟုစိုးရိမ်၍...သူပါလိုက်လာခဲ့ခြင်းဖြစ်သည်။




"တရားသူကြီးမင်း...... ကျွန်တော်တို့ မေးစရာလေးရှိလို့ ဝင်ခွင့်ပြုပါ...."



အမှုစစ်ရဲတွေဘဲ......




"ဝင်ခဲ့ပါ....."



"ဟုတ်ကဲ့....တရားသူကြီးမင်းကတော်ကို နည်းနည်းပါးပါးမေးစရာလေးရှိလို့ပါ..."





"ဟုတ်ကဲ့ မေးပါရှင့်.....ကျွန်မ သိသလောက်တော့ ဖြေပေးပါ့မယ်..."



"မစံပယ်ရဲ့ အိမ်ကို ဘယ်အချိန်လောက်ရောက်သွားခဲ့တာလည်း..."




"ညနေငါးနာရီလောက်ပါ......ငါးနာရီ မထိုးခင်လောက်ပေါ့..."




"ဟုတ်ကဲ့..... မစံပယ်နဲ့ တရားသူကြီးမင်းကတော်နဲ့က အသိတွေလား...."




တရားသူကြီးမင်းနှင့်ပတ်သတ်တာလို့ ဘယ်ပြောလို့ဖြစ်မလည်း...



"ဟုတ်ကဲ့ အသိတွေပါ....."



"ဒါဆို အိမ်လည်သွားခဲ့တာပေါ့.... "



"တကူးတကကြီး သွားတယ်ရယ်တော့မဟုတ်ပါဘူး....လမ်းကြုံလို့ဝင်လိုက်တာမျိုးပါ..."



~အစိမ်းသက်သက်~Where stories live. Discover now