အစိမ်းသက်သက်
အပိုင်း(၅)
"ပိုးနှယ် နင့်လက်ကလေး နီရဲသွားတာဘဲ...မဖြစ်ဘူး မဖြစ်ဘူး...ဆေးခန်းသွားမှရမယ်"
"ခိုင်ရယ်...အဲ့သည်လောက်လည်းမဟုတ်ပါဘူး လိမ်းဆေးဗူးလေး ဝယ်လိမ်းလိုက်ရင် သက်သာပါတယ်..."
"နင်ဘာလို့အဲ့လောက်ပေါ့ရတာလည်း ပိုးနှယ်.... နင်လက်ကလေးကဖြင့် နုနုဖတ်ဖတ်လေး.. ခြင်ကိုက်ရင်တောင် အနာဖြစ်တဲ့သူကများ......"
ပိုးနှယ်မှာ ခိုင့်လိုသူငယ်ချင်းကောင်းမျိုးရှိနေလို့တော်သေးသည်။ ခိုင်စိတ်ပူတာနှင့်ဘဲ..
လက်က အပူလောင်သည့်ဒဏ်ရာကို နီးစပ်ရာဆေးခန်းမှာ အမြန်ဝင်ပြခဲ့ကြသည်။အမာရွတ်တော့မထင်ပေမယ့် ကော်ဖီက ပူလွန်းတော့ အရည်ဖုလေးတွေထပြီးနီရဲနေသည်။
"အဲဒီ့မိန်းမက ဘယ်သူလဲပိုးနှယ်....နင့်ကိုဘာလို့သက်သက်မဲ့အခုလိုမျိုးလုပ်ရတာလည်း..."
"သူဘာလို့လုပ်တာလည်းဆိုတာ ငါသိတယ်..ဒီကိစ္စက ငါ့ခင်ပွန်းနဲ့တိုက်ရိုက်သက်ဆိုင်နေတယ်"
"ဟင်....ဟုတ်လား.....အဲဒါ့ နင်..နင့်ယောက်ျားကို ပြောပြမှာလား"
"မပြောပြပါဘူး......ငါ့ကိုရန်ပြုခံရတိုင်း ငါကသူ့ကိုပြန်တိုင်ရအောင် ငါကကလေးမှမဟုတ်တာ...လာပါ ငါတို့ပြန်ကြရအောင်.."
"အင်းအင်း.....ငါ အိမ်ကကားကို လာကြိုခိုင်းလိုက်မယ်..."
~~~
ကော်ဖီဆိုင်က သူတို့အဖြစ်အပျက်သည် အွန်လိုင်းပေါ်၌ နာမည်ကြီးသွားလေ၏။ပိုးနှယ်ပုံကို အားပေးတဲ့သူက အားပေး...ဟိုမိန်းမကို ဆဲတဲ့သူဆဲ.... ပို့စ်ရှယ်ပြီး ကောင်မလေးကိုသဘောကျလိုက်တာဆိုသည့် ကပ်ပရှင်တွေ တပ်ကြသေးသည်။ တချို့ကောင်လေးတွေက အိမ်ထောင်သည်မှန်းမသိဘဲ စိတ်ဝင်စားကြသေး၏။
ကာယကံရှင်ဖြစ်သည့် ပိုးနှယ်ပုံကတော့ facebookမသုံးသည့်သူမို့ ထိုအရာများကိုမသိချေ။
အလုပ်ကိစ္စအတွက် ဖုန်းသုံးနေရင်း...ဒီဗီဒီယိုတစ်ခုထဲကိုဘဲ ထပ်ခါထပ်ခါရှယ်ထားကြကာ newfeed တစ်ခုလုံးလည်းဒါတွေကြည့်ဘဲမို့....သူစိတ်ဝင်စားသွား၍ ဖွင့်ကြည့်လိုက်သည်။

YOU ARE READING
~အစိမ်းသက်သက်~
Romanceဂတိတစ်ခုကြောင့် လက်ထပ်ခဲ့ရပေမယ့် အိမ်ထောင်ရေးက လုံးဝကို အစိမ်းသက်သက်ဖြစ်နေတယ်။