part~12

8.4K 154 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၁၂)

"မနေ့ညက သားငယ်တို့လင်မယား ပြန်မလာကြဘူးလား...."




"ဟုတ်တယ် သခင်ကြီး..... ကျွန်မတို့လည်း ညတော်တော်နက်တဲ့အထိစောင့်နေပါသေးတယ်   ......ပြန်မလာကြလို့..."


"အေး....ဘယ်များသွားနေကြပါလိမ့်...."


"မနေ့ညက ညဥ့်နက်မှ သမီးဆီ အဖေ့သား မက်ဆေ့ပိုလာတယ်...သူ့မိန်းမနဲ့အရေးကြီးကိစ္စရှိလို့ တပတ်လောက်တခြားမှာနေဦးမယ်.....အိမ်ကိုပြန်မလာဖြစ်သေးဘူးလို့ပြောတယ်...."


"အေးအေး....အဲဒါဆိုလည်း ရှိတဲ့သူတွေဘဲ မနက်စာစားကြရအောင်လေ....."


"ဟုတ် အဖေ  .ဒေါ်ကြီး မနက်စာပြင်ပြီးပြီလား..."


"ဟုတ်ကဲ့မမကြီး အားလုံးအဆင်သင့်ဖြစ်ပါပြီ"



~~~


မနေ့ညက........




"ဦးဝဠာမှိုင်း... ရှင် ကျွန်မကို ဘာလို့အိပ်ခန်းထဲခေါ်လာတာလည်း...အင့်...."


ကုတင်ပေါ် အရုပ်ကလေးလိုပစ်ချလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကြီး အပေါ်ကအုပ်မိုးကာ.....


"ခုနကပြောထားတယ်လေ.....ငါ့အပိုင်ဆိုတာသေချာအောင် ကြိုးစားကြည့်မလို့ လို့..."

ပိုးနှယ် ထပြေးဖို့ကြံစည်လျှင် သူက လက်တွေကို သူ့လက်တစ်ဖက်နဲ့ကိုင်ပြီး အပေါ်ကိုမြှောက်ထားလိုက်သည်။


"ဦးဝဠာမှိုင်း..... ရှင် လွှတ်စမ်း...."




"အမိန့်က ငါဘဲပေးတာ...မင်းပေးလို့မရဘူး....."


လည်ပင်းကို အတင်းဖိကပ်နမ်းတော့ ...
.


"ရှင် လွှတ်လို့ပြောနေတယ်နော်...."

ပိုးနှယ်စကားကို မကြားချင်ယောင်ဆောင်ပြီး
ဘာမထီသည့်မျက်နှာပေးနဲ့..


"ဘာကိစ္စလွှတ်ရမှာလည်း....မင်းက ငါတရားဝင်လက်ထပ်ပြီးယူထားတာ.....ငါပိုင်တယ်....ဒီနဖူးကလည်း ငါပိုင်တယ်"

ရွှတ်.. ..

"ဒီစတော်ဘယ်ရီလို နီရဲနေတဲ့ ပါးတွေလည်း ငါပိုင်တယ်... "


~အစိမ်းသက်သက်~Where stories live. Discover now