~အစိမ်းသက်သက် ~
အပိုင်း(၁၉)
"ဟင်......အကို....."
သစ်သားချောင်းကို တင်းတင်းဆုပ်ကိုင်လျက် ပိုးနှယ်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး......
"ဘာမှစိတ်မပူနဲ့....ပိုးနှယ်..... အကိုတစ်ယောက်လုံးရှိတယ်..."
အရက်ဝိုင်းက သုံးယောက်က သစ်သားတစ်ချောင်းကိုင်ထားသည့်သူ့ကိုကြည့်ပြီး ဖြုံတောင်မဖြုံပါ........ဆင်ကြီးက ပုရွက်ဆိတ်လေးကို လှောင်ပြောင်သလို အပြုံးများဖြင့်.....
"ဟားဟားးးးးး.........ဒီသစ်သားချောင်းလေးတစ်ချောင်းထဲနဲ့ ငါတို့ကိုများ သူကနိုင်မယ့်ပုံစံနဲ့ပါလား......ငါ့ကောင်တို့ ဖမ်းချုပ်စမ်းကွာ.......မဆီမဆိုင် ဝင်ပါချင်တဲ့ကောင်ကို ပညာပေးလိုက်ရအောင်....."
သောက်လက်စ အရက်ခွက်တွေချပြီး လင်းလရောင်ဆီကို ပြေးလာကြသည်။ နုနုယွယွ ပန်းချီဆွဲတဲ့လက်က လူရိုက်ရမှာ မရဲဖြစ်နေလေ၏။ ထိုလူနှစ်ယောက်က သူ့ဆီပြေးလာနေသည်မှာ သရဲဘီလူးများလို........
လက်နက်မပါသည့်လူနှစ်ယောက်ကို လက်နက်ပါသည့်သူက ကြောက်နေလေသည်။
"အကိုကြီး....... သူ့ကြည့်ရတာကြောက်နေတာပါဗျာ.....သနားပါတယ်... လွတ်ပေးရအောင်....."
"ဘာလို့လွတ်ရမှာလဲကွ....မင်းတို့ကလည်း ဒီကောင့်ပုံစံကြည့်ရတာ ဆွေကြီးမျိုးကြီးထဲကထင်တယ်....သူ့လက်တွေကိုကြည့်ပါလား နုဖက်နေတာ.......သူ့ကိုပါ ပြန်ပေးဆွဲထားလိုက်ရင်
ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ရမှာ......
""ဟာ.......အကိုကြီးကတော့ တကယ်တော်ပါတယ်ဗျာ.....ကျွန်တော်တို့ အာ့သလိုမစဥ်းစားခဲ့မိဘူး....."
...
"တော်လို့လည်း...... မင်းတို့အကိုကြီးဖြစ်နေတာပေါ့ကွ.....ဖမ်းချုပ်စမ်းကွာ အာ့ကောင်ကို......."
"ဟုတ်ကဲ့.... "
ထိုလူနှစ်ယောက်က ရှေ့တိုးတော့ လင်းလရောင်က နောက်ခြေတစ်လှမ်းဆုတ်ကာ လက်ထဲက သစ်သားချောင်းကို အထက်မြှောက်လျက် တင်းတင်းဆုပ်ကိုင်ထား၏။
![](https://img.wattpad.com/cover/365086019-288-k578177.jpg)
YOU ARE READING
~အစိမ်းသက်သက်~
Romanceဂတိတစ်ခုကြောင့် လက်ထပ်ခဲ့ရပေမယ့် အိမ်ထောင်ရေးက လုံးဝကို အစိမ်းသက်သက်ဖြစ်နေတယ်။