~အစိမ်းသက်သက် ~
အပိုင်း(၁၆)
မယုံရဲ ယုံရဲနှင့် နှာဖျားကို တေ့ကြည့်လိုက်တော့ အသက်ရှူနေသေးသည်။ မစံပယ်ကို ခဏ အသာချခဲ့ပြီး အလောင်းကစားဝိုင်းကလူတွေကို သွားအကူအညီတောင်းပေမယ့်...အမှုပတ်မှာစိုး၍ဘယ်သူမှ မကူညီကြပါ....
ဒီအတိုင်းထားလျှင် အသက်ရှင်ဖို့ရာခိုင်နူန်းနည်းသွားမှာစိုး၍.
.ဦးဝဠာမှိုင်းကို ဖုန်းဆက်ဖို့ပြင်လိုက်ပေမယ့်....ဗိုက်ထဲက ကလေးနှင့်ပတ်သတ်ပြီး..."ဦးဝဠာမှိုင်းကို ဆက်လို့တော့မဖြစ်ဘူးဘဲ.....ဘယ်လိုလုပ်ရပါ့မလည်း..."
ခိုင့်ကို ဖုန်းဆက်ကြည့်ပေမယ့် ခိုင်ကလည်းဖုန်းမကိုင်တာကြောင့် အကိုလရောင်ကိုသာ ဖုန်းဆက်လိုက်မိသည်။
"ဟဲလို အကို ပိုးနှယ်ကို တစ်ခုကူညီပါဦး.. "
လရောင်က လူနာတင်ကားပါ တခါတည်းခေါ်လာခဲ့၍ အဆင်ပြေသွားသည်။ပိုးနှယ်တစ်ယောက်တည်းဆို ဘာလုပ်လို့ဘာကိုင်ရမှန်းတကယ်မသိပါ...ဆေးရုံကိုရောက်တော့ ဆရာဝန်တွေက
မလုပ်ပေး မကိုင်ပေးရဲပါ...သေသေချာချာအကူအညီတောင်းမှသာ စပြီး ချုပ်ပေးတာဖြစ်သည်။ ၅ချက်ချုပ်လိုက်ရပြီး နာရီတွေအတော်ကြာသည်အထိ သွေးထွက်လွန်တာကြောင့် အခြေအနေကစိုးရိမ်ရသည်။လုံးဝသတိမရတော့ဘဲ ....ကိုမာဖြစ်သွားနိုင်သည့်အခြေအနေလည်းဖြစ်နေသည်။မစံပယ်ရဲ့ကံကိုသာ ပုံအပ်ရတော့မှာဘဲ..ဗိုက်ထဲမှာလည်း ရင်သွေးလေးနဲ့.
ဘာတွေများဖြစ်ခဲ့တာလည်း မစံပယ်ရယ်...
ပိုးနှယ် ဆေးရုံကခုံတန်းမှာ ထိုင်နေရင်း ဆုတောင်းနေမိသည်။ အင်္ကျီေတွလည်း သွေးတွေပေကျံထား၍ ညစ်ပတ်နေသည်။
"ကော်ဖီသောက်လိုက်ပါဦး ပင်ပန်းသွားမှာဘဲ.... "
လရောင်က ကော်ဖီအေးဗူးကို ပိုးနှယ်ဆီ ကမ်းပေးလေသည်။
"ဟုတ် ကျေးဇူးပါ အကို..."
"အဲ့အမျိုးသမီးက ပိုးနှယ်နဲ့အသိလား.....ဘယ်လိုဖြစ်ပြီးအခုလိုတွေဖြစ်ရတာလည်း.."

YOU ARE READING
~အစိမ်းသက်သက်~
Romanceဂတိတစ်ခုကြောင့် လက်ထပ်ခဲ့ရပေမယ့် အိမ်ထောင်ရေးက လုံးဝကို အစိမ်းသက်သက်ဖြစ်နေတယ်။