~အစိမ်းသက်သက်~
အပိုင်း(၂)
ညနက်တဲ့အထိပင် ခြံဝန်းထဲတွင် ဆူညံသံတွေ ရှိလို့နေသေးသည်။စာမေးပွဲက နီးလို့နေလေပြီ။ ဒီပုံစံအတိုင်းဆို ဒီညလည်း စာကျက်လိုရမှာမဟုတ်တော့ပေ။ မနက်ဖြန်ကျရင်တော့ ဆရာမအိမ်သွားပြီး စာကြည့်မှရမည်။
ပိုးနှယ် ညအိပ်ဂါဝန်ဖြူဖြူလေးကိုဝတ်ကာ ပြတင်းပေါက်မှန်မှတဆင့် ခြံထဲက စားပွဲသောက်ပွဲဆီ လှမ်းကြည့်လိုက်မိသည်။
သူအပါအဝင် သူ့သူငယ်ချင်းတွေအားလုံးမူးထောင်လို့နေလေသည်။ သီချင်းတွေအကျယ်ကြီးဖွင့်ပြီး ကလို့နေသေးသည်။ ဒါလား တရားသူကြီးမင်းနဲ့ သူရဲ့အထက်တန်းကျလွန်းပါသည့်ဆိုတဲ့ အပေါင်းအပါတွေ........
ပိုးနှယ် ခေါင်းကိုခါရမ်းရင်း လိုက်ကာစကို ဆွဲချပစ်လိုက်မိသည်။
ဒေါက်....ဒေါက်...
"သခင်မလေး......ဘာလိုသေးလဲလို့ လာမေးတာပါ...သခင်လေးက သခင်မလေးကို စာကျက်ရမှာမို့ ကော်ဖီဖျော်တိုက်ဖို မှာလိုက်ပါတယ်......"
"နေပါစေ ဒေါ်ကြီး...ကျွန်မ ကော်ဖီမကြိုက်လို့ပါ..."
"ဒါဆို နွားနို့လေးသောက်ပါလား သခင်မလေး "
"ဟုတ်ကဲ့ ကျေးဇူးပါနော်..."
"ရပါတယ် သခင်မလေးရယ်"
အိမ်အကူအဒေါ်ကြီး လာပို့ပေးတဲ့နွားနို့ကိုသောက်ရင်း ဆရာဝန်တွေအကြောင်း၊ဆေးပညာအကြောင်းနှင့် စပ်လျဉ်းသည့် 'ကြိုးကြာတောင်ပံခတ်သံ'ဝတ္ထုကို ဖတ်နေလိုက်သည်။သူများအိမ်မှာနေကာစဆိုတော့ ကိုယ့်အိမ်လိုမဟုတ်ဘဲ စိတ်ကပျင်းနေမိသည်။
ကျွီ.....တံခါးဖွင့်ပြီးသူဝင်လာတော့ သူမက ကုတင်ပေါ်ခေါင်းအုံးကိုမှီ၍ စာဖတ်နေလေသည်။
"စာကျက်နေမယ်ထင်တာ....စာအုပ်ဖတ်နေတာဘဲ...."
"ကျွန်မစာကျက်လို့မရလို့ စာအုပ်ဖတ်နေတာပါ..."
"ဘာလို့လည်း ငါတို့ဆူညံနေတာကြောင့်လား.."
"ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းတဲ့ မင်းဘာမှပြန်မပြောပုံထောက်ရင်တော့ ငါပြောတာမှန်တယ်ထင်တယ်"

YOU ARE READING
~အစိမ်းသက်သက်~
Romanceဂတိတစ်ခုကြောင့် လက်ထပ်ခဲ့ရပေမယ့် အိမ်ထောင်ရေးက လုံးဝကို အစိမ်းသက်သက်ဖြစ်နေတယ်။