part~14

5.7K 100 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၁၄)


ဒေါက်......ဒေါက်.....


တံခါးခေါက်သံကို ပြန်လည်မတုံ့ပြန်တာကြောင့် ပိုးနှယ် တံခါးကိုဆက်ပြီးခေါက်နေလိုက်သည်။ မနက်၉နာရီက မစောတော့ဘူးထင်ပါတယ်.....အိမ်ထဲက မစံပယ်ဆိုသည့်အမျိုးသမီးက အိပ်ပျော်နေလို့များလား....


ဒေါက်...ဒေါက်....


အိပ်ခန်းထဲတွင် အဝတ်အစားတွေဗရိုဗရဲနှင့် အိပ်မောကျနေသည့် ဦးသိုက်ကြီးနှင့်စံပယ်က တံခါးခေါက်သံကြောင့် လူးလွန့်၍ ထလာကြသည်။



"ဘယ်က ကျက်သရေတုံးတွေလည်း... စောစောစီးစီးတံခါးလာခေါက်နေတာ....."




"ရှူး.....တိုးတိုးပြောပါ ကိုကြီးရဲ့ ဒီပတ်ဝန်းကျင်က စံပယ်နဲ့ကိုကြီးအကြောင်းမသိဘူးလေ.... စံပယ်သွားကြည့်ကြည့်လိုက်မယ်.. အခန်းထဲဘဲနေနေ...."



စံပယ်က အဝတ်အစားတွေကို တည့်မတ်ပြီး တံခါးဖွင့်ဖို့ အိပ်ခန်းထဲကထွက်လာလိုက်သည်။


ကျွီ......တံခါးဖွင့်တော့ ပိုးနှယ်နူတ်ဆက်ဖို့ဟန်ပြင်စဥ် အိမ်ထဲကထွက်လာသည့် ချဥ်စူးစူးအရက်နံ့ကြောင့် နှာခေါင်းလေးမသိမသာပိတ်ကာထားမိသည်။ပြီးမှ ပြုံးပြလေသည်။


စံပယ် ရှေ့မှာရောက်နေသည့် ခပ်ငယ်ငယ် ချောချောကောင်မလေးကို မမြင်ဖူးသည့်ပုံစံဖြင့် ကြည့်နေမိသည်။ သူမလက်ထဲမှာလည်း မုန့်တွေ အဝတ်အစားထုတ်တွေအပြည့်နှင့်...


"ဘာကိစ္စလဲ..... ဘယ်သူလဲ... "


"မစံပယ်လားရှင့်..."



"ဟုတ်တယ်... "



"ကျွန်မနာမည် ပိုးနှယ်ပုံပါ....."



"ဘယ်က ပိုးနှယ်ပုံ...."



အမလေး ဘုရား...ဘုရား...ဒါ တရားသူကြီးကတော်နာမည်ဘဲ...ဒါဆိုဒီမိန်းကလေးက....ငါ့ကို ဆံပင်ဆွဲပြီး ပါးများရိုက်မလား...

စံပယ်တွေးမိကာ ကြောက်ရွံ့နေသောမျက်လုံးတွေဖြင့် ပူလောင်နေရသည်။ တဖက်က အေးချမ်းရာလေးဆီမှာတော့ သိမ်မွေ့သောအပြုံးလေးဖြင့်.....



~အစိမ်းသက်သက်~Where stories live. Discover now