~အစိမ်းသက်သက်~
အပိုင်း(၈)
"တရားသူကြီးမင်း... "
သူ့ကိုနူတ်ဆက်နေသည့် ရုံးကလူတွေအား သူခေါင်းငြိမ့်ပြပြီး..ဝတ်စုံအပြည့်ဖြင့် ရုံးတော်ဆီ သွားလိုက်သည်။
"တရားသူကြီးမင်း.....ဒီအမှုကိစ္စက အတော်တော့ ရှုပ်ထွေးတယ်နော်.... "
"အင်း...တရားလိုဘက်က နည်းနည်းပြဿနာရှိနေတယ်..တရားလိုပြရှေ့နေကဘယ်သူလည်း.."
"ဆရာ့တပည့် ကွာဝေးမိုင်ပါ..."
"သြော်...ကွာဝေးမိုင်လား.....အင်း...သူဆိုရင်တော့ ဒီအမှုကို ကောင်းကောင်းကိုင်တွယ်နိုင်မှာပါ..."
"တရားသူကြီးမင်းကို တရားခံဘက်ကမိသားစုက တွေ့ခွင့်တောင်းထားပါတယ်....ကိစ္စလေးရှိလို့ပါတဲ့..."
"ဘယ်အချိန်လဲ..."
"နေ့လည်၂နာရီပါ.."
"ကောင်းပြီ....နေရာအသေးစိတ်ကို ထမင်းစားချိန်ကျရင် ငါ့ဆီမက်ဆေ့ပို့လိုက်..."
"ဟုတ်ကဲ့ဆရာ."
"...ပြီးတော့ ကွာဝေးမိုင်ကိုပြောလိုက် ငါ့ဆီလာခဲ့ဦးလို့."
"ဟုတ်ကဲ့...ဆရာ"
ကွာဝေးမိုင်ရဲ့အဖေက သူ့ရဲ့ဆရာဖြစ်သလို သူကလည်း ကွာဝေးမိုင်ရဲ့ဆရာဖြစ်၏။ ဆရာတပည့်ဆက်ဆံရေးက ရင်းနှီးသလို ဒီကလေးမက သူ့အတွက် ညီမလေးတစ်ယောက်လိုလည်းဖြစ်နေသည်။ ဥပဒေနှင့်ပတ်သတ်လာလျှင် ကျောသားရင်သားမခွဲခြားသည့်စိတ်ဓာတ်က သူ့အဖေအတိုင်းပင်...
"ဆရာ...မိုင့်ကိုခေါ်တယ်ဆို..."
"အေး....ညည်းကအတိတ်မေ့ရွှေကောက်ရလုပ်နေလို့ ခေါ်လိုက်ရတာ....."
"အဟင်း....မိုင် ကလေးတွေက တစ်ဖက်နဲ့မို့ပါ ဆရာရဲ့....နောက်တပတ်ကျ သားလေးမွေးနေ့ရှိတယ်...အဲဒါ့ဆရာ့ဆီဖိတ်စာပို့ရင်း လာမလို့ပါဘဲ.....အခုဆရာက ခေါ်တော့ ဖိတ်စာက မပါလာတော့ဘူး..."
"ဖိတ်စာမပါလည်း...ငါက ငါ့တူလေးမွေးနေ့ကိုလာမှာပါ....ငါက အတိတ်မမေ့တတ်ဘူး ကွာဝေးမိုင်ရေ...ညည်းနဲ့ဟိုကောင်အာကာဘုန်းသာ ငါ့ကို မေ့နေကြတာ..."
YOU ARE READING
~အစိမ်းသက်သက်~
Romanceဂတိတစ်ခုကြောင့် လက်ထပ်ခဲ့ရပေမယ့် အိမ်ထောင်ရေးက လုံးဝကို အစိမ်းသက်သက်ဖြစ်နေတယ်။