part~11

8K 156 1
                                    

~အစိမ်းသက်သက် ~

အပိုင်း(၁၁)



**မေ....အမှောင်ထဲက ငွေကြယ်များထက် မင်းမျက်ဝန်းများလင်းပါလား.....မေ...စံပယ်ပွင့်ထက် ဖြူစင်လွန်းတဲ့ အသားလေးဝင်းနေတယ်.....အနီ...အနီသွေးလား....အနီရောင်နူတ်ခမ်းလေး သိပ်ကိုလှပါလား.....အပြုံး.မေ့အပြုံးများ အပြာရောင်စမ်းချောင်းလေးထက်အေးချမ်းပါလား......ထူးခြားပြည့်စုံလွန်းတဲ့ မင်းရဲ့အလှအပများ.....**



စင်ပေါ်မှာ တက်ဆိုနေသည့်တံခွန်...
အသံကတကယ့်အဆိုတော်လိုကြည်တောက်နေ၏။



"ခိုင်လေးဆရာက ဘယ်ဆိုးလို့လည်း အသံကောင်းသားဘဲ..."



"ရှူး... တိုးတိုး ကိုကို စကားမပြောနဲ့ ဒီမှာဗီဒီယိုရိုက်နေတာကို..."

သူ့အကိုကို စကားမပြောဖို့ ပြောနေ၏။ လင်းလရောင် နားလည်ပြီး ခေါင်းငြိမ့်ပြလေသည်။

ခိုင်က ဖုန်းနဲ့ဗီဒီယိုလှမ်းရိုက်နေလေသည်။ သူ ဆရာ့အပေါ်မှာထားတဲ့စိတ်က ခင်မင်မှုထက်တော့ ပိုနေပေလိမ့်မည်။ ဆရာက ခိုင့်အပေါ်သည်းခံလွန်းတာဆိုတော့ သဘောတော့တူပါတယ်လေ.

"ဟာ.ရှေ့ကလူတွေကလည်း ကွယ်လိုက်တာ....ခဏနော် ခိုင် ဟိုအရှေ့သွားရိုက်ပြီး ပြန်လာခဲ့မယ်.... ကိုကိုတို့စကားပြောနှင့်ကြနော်...."



သူတို့ဝိုင်းက နောက်နားမှာမို့ စင်နဲ့ကျ အနည်းငယ်ဝေးနေသည်။ ဒါ့ကြောင့်ရှေ့ဝိုင်းကလူတွေကကွယ်နေ၍ ခိုင်ကရှေ့တိုးရိုက်တာဖြစ်၏။


"ပိုးနှယ် ဗိုက်ဝပြီလား....ဘာမှာဦးမလည်း..."



"ဟို..ဗိုက်ကတော့ပြည့်နေပါပြီ...အအေးလေးဘဲသောက်တော့မယ်...."



"ဟုတ်ပြီ အကိုမှာလိုက်မယ်..."



"ညီလေး...ခဏလောက်.."


"ဟုတ်ကဲ့... "

"စတော်ဘယ်ရီရလား...ပိုးနှယ် "



"ဟုတ်.....ပိုးနှယ် စတော်ဘယ်ရီကြိုက်ပါတယ်..."


"အာ့ဆို စတော်ဘယ်ရီတစ်ခွက်နဲ့ ဒိန်ချဥ်တစ်ခွက်ပေးနော်...".


~အစိမ်းသက်သက်~Where stories live. Discover now