[Synopsis]

980 48 13
                                    

\\Synopsis\\

ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ .. သူ့ရဲ့တစ်သက်သာ ဆန္ဒတစ်ခုအနေနဲ့ရော ဘွဲ့စာတမ်းသုတေသနအတွက်ကြောင့်ရောနဲ့ ရေသူမတွေကိုရှာဖွေဖို့ ဒက်ရှဲရိုး(Desharow)ဆိုတဲ့ ရုရှားရေကြောင်းအကယ်ဒမီ ဇီဝဗေဒဌာနက ကျောင်းသားလေးတစ်ယောက် သူ့ဆရာဖြစ်သူရွိုင်း(Rhine)နဲ့ ပင်လယ်ခရီးထွက်လာရာကနေ အိုက်စ်လန်(Iceland)ကျွန်းနိုင်ငံနားက ပင်လယ်တစ်ခုမှာ ရှားပါးမျိုးစိတ် ရေသူထီးတစ်ကောင်ကို တွေ့မိကြရာကနေစပါတယ်။

ဒက်ရှဲရိုးလေးတစ်ယောက် မသိခဲ့ရှာတာကတော့.. အဲ့ဒီလျို့ဝှက်ဆန်းကြယ်လွန်းတဲ့ ရေသူသားရဲကောင်ကြီးက အစကတည်းကနေ သူ့ရဲ့'သားကောင်' (အဟွတ် အဟွတ်..'ဇနီးလေး') အဖြစ် သတ်မှတ်ထားခဲ့ပြီး တစ်ဖက်လူရဲ့ခန္ဓာကိုယ်ကို ဆက်တိုက်အလိုမဲ့ထိပါးဖို့ဘဲ ချောင်းနေခဲ့တာကိုပေါ့။ ဒီလိုနဲ့မမျှော်ထားတဲ့ကိစ္စလေးတွေကို အစပြုဆုံလာရရာကနေ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အကူးအပြောင်းတွေထိပါ တရစပ်ကြုံတွေ့ဖို့ ဖြစ်လာတဲ့အခါမှာ .. .. ။

အဆုံးကျရင်ရော.. ရေသူထီးကြီးရဲ့ မပြီးမြောက်နိုင်တဲ့ လိုအင်ဆန္ဒတွေက အနိုင်ယူသွားနိုင်မလား.. ဒါမှမဟုတ် ဒက်ရှဲရိုးကဘဲ သူ့ဆရာရွိုင်းရဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ပိတ်ပင်တားဆီးမှုတွေအောက်ကနေ သုတေသနကိုဘဲ အပြီးထိလုပ်ဆောင်သွားနိုင်မလား..။ စစ်အာဏာရဲ့လက်ဝါးအောက်က ဒီသုတေသနလေ့လာရေးကြီးရဲ့ တကယ့်ရည်ရွယ်ချက်ကရော ထင်သလောက်ရိုးရှင်းနေခဲ့ပါ့မလား။ ကြားထဲကမမြင်နိုင်တဲ့ ပူးပေါင်းကြံစည်မှုတွေရဲ့ အကျိုးဆက်ကနေ ကြောက်မက်ဖွယ်ရာ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖို့ဖြစ်လာခဲ့ရင်ရော..။ ဘယ်လိုတွေသူတို့ရင်ဆိုင်ကြမလဲ။

သုတေသန ရလဒ်တွေအပြင် ပင်လယ်ပြင်မှာ မကြာခဏကြုံတွေ့ရလာတဲ့ အန္တရာယ်တွေ.. စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ အလိုလျောက်ဖြစ်တည်လာတဲ့ ချစ်ခြင်းတွေကြားက ဒက်ရှဲရိုးဟာ သူကိုယ်တိုင်နဲ့ မဟူရာကြေးခွံပိုင်ရှင် ရေသူထီးတို့ကြားက ဆန်းကြယ်လွန်းတဲ့ ဆက်နွယ်မှုတွေကို သိခွင့်ရလိုက်ပြီး သူ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာနေတဲ့ ထူးထူးဆန်းဆန်း ပြောင်းလဲမှုတွေကိုပါ သတိထားမိလာတဲ့အခါမှာတော့.. ..။

ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]Where stories live. Discover now