Arc-1 //ပင်လယ်နက် သုတေသနခရီး//
အခန်း(၁)-ရေသူထီးကို ဖမ်းမိပြီ
၁၉၉၀ခုနစ် ဇူလိုင်လ၇ရက်၊
ညအချိန်..
ကျွန်တော်တို့အခုဆိုရင် အိုက်စ်လန်(iceland)နားက ကပ်လျက်ပင်လယ်ပြင်ပေါ်မှာ ရောက်နေခဲ့တာ သုံးရက်မြောက်ခဲ့ပါပြီ။
ရွိုင်း(Rhine)ကတော့ အခုထိ သင်္ဘောကပ္ပတိန်ခန်းထဲမှာဘဲ ရေဒါစက်နဲ့ရှာဖွေရေးဆင်းနေတာ အရင်ရက်တွေကအတိုင်း ရေသူမတစ်ကောင်တစ်လေရဲ့ အရိပ်အယောင်လေးတောင် ရှာမတွေ့ရသေးပါဘူး။ ကျွန်တော်ကတော့ ဒီပင်လယ်ရေထုရဲ့အအေးမှတ်အောက်မှာ ရေသူမတွေ ကျက်စားနိုင်ပါ့မလားလို့ သံသယဝင်မိပေမယ့်.. ရွိုင်းက လွန်ခဲ့တဲ့တစ်နှစ်ကတင် သူကိုယ်တိုင်ဒီနေရာမှာ ရေသူအုပ်စုရဲ့သဲလွန်စတွေကို တွေ့ခဲ့ပါတယ်ဆိုပြီးဘဲ ဆက်တိုက်အခိုင်အမာ ပြောနေခဲ့တာလေ။
မှတ်တမ်းတွေအရတော့ ရေသူမတွေကို အပူပိုင်းနေသတ္တဝါတွေဆိုပြီးဘဲ ဖော်ပြထားခဲ့တာပေမယ့် ဒီမျှော်လင့်ချက်သေးသေးလေးကိုလည်း လက်လွတ်ခံလို့မဖြစ်ဘူးပေါ့။ဒီတိုင်းကျွန်တော်ကိုယ်တိုင်လည်း ရေသူမတွေကို အပြင်မှာကိုယ်တွေ့ မြင်တွေ့ရဖို့ စိတ်အားထက်သန်လွန်းနေခဲ့ရုံပါ။ ပြီးတော့ ကမ္ဘာ့သမိုင်းမှာအကြီးကျယ်ဆုံး ဇီဝဗေဒပညာရှင်တွေတောင် မလုပ်နိုင်ခဲ့တဲ့ ဒီထူးဆန်းထွေလာ ရေအောက်သတ္တဝါရှာဖွေရေးကြီးကို ကျွန်တော့်ကိုယ်ပိုင်နာမည်နဲ့ ဆက်လုပ်နိုင်သွားဖို့ကို ပိုလို့မျှော်လင့်ထားသေးတာပေါ့ဗျာ။
ကျွန်တော် ဒီအတွေးတွေကို ဒိုင်ယာရီစာအုပ်ထဲ သေချာချရေးလိုက်ပြီး လက်ရှိထိုင်နေတဲ့ သင်္ဘောဗိုက်ခန်းလေးထဲကနေ မှန်ပြတင်းအပြင်ဘက်ဆီကို လှမ်းကြည့်လိုက်တယ်။ မထင်မှတ်ထားစရာ တစ်ခုခုများ ဘွားခနဲပေါ်လာမလား ဆိုပြီးတော့ပေါ့။
အပြင်ဘက်ပင်လယ်ပြင်ကြီးကတော့ အမှောင်ထုအတိနဲ့ ပူဆွေးစရာကောင်းလွန်းနေပါတယ်။ အမှောင်ထုကြီးထက် ပြတင်းပေါက်မှန်ပြင်ပေါ်မှာ ထင်ဟပ်နေတဲ့ စားပွဲတင်မီးအိမ်က အလင်းရောင်ဖျိုးဖျဖျနဲ့ ကျွန်တော့်ရဲ့ ပုံရိပ်မှိန်မှိန်လေးကိုဘဲ အသေအချာမြင်နေရပါတယ်။ အနက်ရောင်ဆံပင်တွေနဲ့ အနက်ရောင်မျက်လုံးတွေ.. ပြီးတော့ ဆေးစွဲနေတဲ့လူတစ်ယောက်လိုမျိုး ဖြူရော်လွန်းနေတဲ့ မျက်နှာ။
YOU ARE READING
ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]
مغامرةDesharow Merman //德萨罗人鱼//မြန်မာဘာသာပြန်// Original Author: 深海先生 Status in COO: 115+3 extras(Completed) Translation: on going Just Translation for offline purpose! I don't own this story. All rights reserved to the original author.