အခန်း(၂)-လျို့ဝှက်အစီအစဉ်
'၁၉၉၀ခုနစ် ဇူလိုင်လ၁၈ရက်၊
ဝေလီဝေလင်း မနက်ခင်း..
မတတ်နိုင်တော့တဲ့အဆုံး.. ဖမ်းမိခဲ့တဲ့ရေသူထီးကို ရွိုင်းရဲ့ဖြောင်းဖြတားဆီးလာတဲ့ စကားတွေအောက်မှာ အချိန်တစ်ခုလောက်ထိ လေ့လာမစစ်ဆေးသေးဘဲ လက်လျော့ပြီးနေဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ရတယ်။ သိထားတဲ့အချက်အလက်တွေအရတော့ နို့တိုက်သတ္တဝါအုပ်စုဝင်တဲ့ ရေသူမျိုးစိတ်တွေက လင်းပိုင်တွေလိုဘဲ ထင်ထားတာထက် ဉာဏ်ရည်ပိုမြင့်နိုင်တယ်လို့ ယူဆရတာမို့.. သူတို့တွေကို လုံခြုံစိတ်ချရတဲ့နေရာမျိုးမှာမဟုတ်ဘဲ အတင်းအကျပ်လှောင်ပိတ်ထားမိရင် မထင်မှတ်ထားတဲ့ ရက်စက်ပြင်းထန်တဲ့နည်းတွေနဲ့ ခုခံရုန်းကန်ဖို့ ကြိုးစားတတ်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ ဉပမာဆိုရင် သတ်သေပစ်ကြတာမျိုးလိုပေါ့။
ဒီသုတေသနက အရမ်းကိုအဖိုးတန်လွန်းတာမို့.. ရေသူထီးကိုဘယ်လိုနည်းနဲ့မှ ကျွန်တော်အဆုံးရှုံးခံမှာမဟုတ်ဘူး..
ကိုယ့်အသက်ကိုပါ စွန့်စားရမယ်ဆိုရင်တောင်မှပေါ့..။ '
ဖောင်တိန်အောက်က ပေါက်ဖွားလာတဲ့ ကလောင်မှင်ကြောင်းတွေအတိုင်း ဘယ်တော့မှပျက်ပြယ်သွားမှာ မဟုတ်သလိုမျိုး လေးနက်ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော် ဒိုင်ယာရီစာမျက်မှာပေါ်မှာ တစ်သော့တည်းအပြီး ရေးချပစ်လိုက်တယ်။ ကျွန်တော့်စိတ်တွေက အဲ့ဒီနေ့ကမြင်ခဲ့ရတဲ့ ရေသူထီးရဲ့မျက်ဝန်းနက်တွေဆီကနေ ဖယ်ခွာလို့မရနိုင်သေးသလို ကျောရိုးထဲမှာတစိမ့်စိမ့်နဲ့ စွဲကျန်နေသေးတဲ့ အေးစက်စက်ခံစားချက်ကြီးကလည်း ဘယ်လိုမှကိုဖြေဖျောက်ပစ်လို့ကို မရနိုင်သေးပါဘူး။
'နေမထွက်သေးခင်.. ကျွန်တော်ယဉ်ပါးရေးအစီအစဉ်တစ်ခုလောက် အပြီးရေးချင်နေတယ်။ လင်းပိုင်ရိုင်းတွေကို ထိန်းကျောင်းရေးဆင်းသလို ပုံစံမျိုးပေါ့။ အခုလောလောဆည် အဲဒီရေသူထီးရဲ့ အိုင်ကျူဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျအကဲမဖြတ်နိုင်သေးဘူး ဆိုပေမယ့်လည်း အခွင့်အရေးရှိသရွေ့ ကျွန်တော်သူနဲ့ဆက်သွယ်ဖို့ ကြိုးစားကြည့်ချင်နေဦးမှာဘဲ။ နောက်ဆိုသူကျွန်တော့်အပေါ် သိပ်ပြီးမစိမ်းတော့ဖို့ မျှော်လင့်ရင်းနဲ့ပေါ့..'

YOU ARE READING
ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]
AdventureDesharow Merman //德萨罗人鱼//မြန်မာဘာသာပြန်// Original Author: 深海先生 Status in COO: 115+3 extras(Completed) Translation: on going Just Translation for offline purpose! I don't own this story. All rights reserved to the original author.