Chapter-13

126 9 7
                                    

ဒက်ရှဲရိုးရဲ့ ရေသူကြီး (မြန်မာဘာသာပြန်)

အခန်း (၁၃)

Translator - နာမည်ကဒ်ပြားအသစ်လေး

.. ..

အခန်းမီးရုတ်တရပ်လင်းသွားတော့ ကျွန်တော်အမှုမဲ့နဲ့မျက်လုံးတွေကို လှမ်းကာမိလိုက်တယ်။ တစ်ချိန်တည်းမှာ အခန်းထဲဝင်လာခဲ့တဲ့သူက ကိုးယို့ကားယားဖြစ်နေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ကို ဇတ်ခနဲပြန်ထူပြီးမှ လှဲချပေးတယ်။

ကျွန်တော်ခေါင်းကို ခဏလောက်ခါပြီး မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့သူက.. ရွိုင်း။ ရွိုင်းရဲ့မျက်နှာကြီးက မည်းကုပ်နေပြီး.. အကြည့်တွေကပါ လန့်စရာကောင်းအောင်စူးရဲနေတာ။ မသိရင် ချက်ချင်းပစ္စတိုဆွဲထုတ်ပြီး ကျွန်တော့်ကိုနေရာမှာတင် ပစ်သတ်တော့မယ့်ပုံနဲ့။

ဒါပေမယ့်.. ကျွန်တော်ဘာများလုပ်မိလို့ သူဒီလောက်ထိဒေါသထွက်နေမှန်းလည်း စဉ်းစားကြည့်လို့မရပြန်ဘူး။ ရေသူထီးကိုသွားကြည့်ဖို့ဆိုပြီး ဒေးဗစ်နဲ့လိုက်သွားမိလို့လား။

သိပ်မကြာခင်က သူကျွန်တော့်ကိုပြောခဲ့ဖူးတဲ့ စက်ဆုပ်စရာစကားတွေနဲ့.. စော်ကားဖို့ကြိုးစားခဲ့တာတွေကိုပါ ပြန်တွေးကြည့်တော့ သူ့ကိုနည်းနည်းကြောက်နေမိတယ်။။ ကျွန်တော့်လက်တွေကို အောက်ကအိပ်ရာခင်းပေါ် ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းက အပေါ်ယံတည်ငြိမ်နေတဲ့ မျက်နှာထားနဲ့မေးလိုက်တယ်..

"ဟေ့လူ.. ခင်ဗျားရဲ့ဝမ်းချုပ်နေသလို ချဉ်တင်တင်မျက်နှာပေးက ဘာဖြစ်ရတာတုန်း.. ဝမ်းမကောင်းတာတွေများ စားမိလို့လား.."

စကားကိုတောင် ဆုံးအောင်မပြောရသေးခင်.. အင်္ကျီကော်လာက ဆတ်ခနဲဆောင့်ဆွဲခံလိုက်ရတော့ လူကလှဲနေရာကနေဇက်ဆို အပေါ်မြှောက်တက်သွားတယ်။ ရွိုင်းကကျွန်တော့်ကို ဝါးစားတော့မတတ် စူးစူးရဲရဲဆက်စိုက်ကြည့်နေတယ်။ ပူခြစ်နေတဲ့သူ့သက်ငွေ့တွေကလည်း ကျွန်တော့်မျက်နှာပေါ်ကို တရှိုက်ချင်းရိုက်ချနေတာ။ ဖြေစရာကိုမလိုဘူး ..သူလုံးဝပေါက်ကွဲနေတယ်ပေါ့။ ဒီလူကြောင့်နဲ့အစက မှေးတေးတေးကျန်သေးတဲ့ အိပ်ချင်စိတ်တွေတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့တာဘဲ။ ကော်လာနှစ်ဖက်လုံး ဆွဲညစ်ခံထားရပြီး လည်မျိုကြီးဖျစ်အစ်နေတဲ့ကြားက ကျွန်တော်ကလည်းရွိုင်းကို ပြန်စိုက်ကြည့်တယ်။ သူ့ရှေ့မှာကျွန်တော်လုံးဝ.. တုန်လှုပ်ပြမိလို့မဖြစ်ဘူးလေ..။ ထပ်ပြီး.. ဒီလူကိုကျွန်တော့်ဆီက အခွင့်အရေးထပ်ယူခွင့်လည်း မပေးနိုင်တော့ဘူး..။

ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]Where stories live. Discover now