Chapter-9

43 4 1
                                    

ဒက်ရှဲရိုးရဲ့ ရေသူကြီး (မြန်မာဘာသာပြန်)
အခန်း (၉)

Translator - နာမည်ကဒ်ပြား အသစ်လေး

.. ..

ဒီသုတေသနဌာနချုပ် အဆောက်အဦးကြီးရဲ့ ဗိသုကာကသိပ်ထည်လွန်းတာဘဲ။ ဒေးဗစ်ပြောပုံအရတော့ ဒီအဆောက်အဦးကြီးကို ကမ်းဦးရေတိမ်ပိုင်း ကနေစအခြေချပြီး သမုဒ္ဒရာကြမ်းပြင်နဲ့ တစ်သားတည်း ဆောက်ထားတယ်ဆိုဘဲဗျ။ အဆောက်အဦးမိုးကိုလည်း ဆစ်ဒနီအော်ပရာရုံလို အထပ်ထပ်ခုံးထားသေးတာ ဆူနာမီဝှေ့လာရင်တောင် မုန်တိုင်းဒဏ်လည်း ခံနိုင်ရည်ရှိအောင်ပေါ့။ 

ဒေးဗစ်ဦးဆောင်တဲ့အတိုင်း အခန်းထဲကထွက်ပြီး ကော်ရစ်ဒါပေါ်ရောက်လာတော့မှ ဘေးပတ်လည်ကာထားတဲ့ မှန်နံရံတွေကိုကြည့်ရင်း ‌ကျွန်တော်တို့အားလုံး ပင်လယ်ရေအောက်မှာ ရောက်နေခဲ့ကြမှန်း သတိထားမိလိုက်တယ်။ ဒေးဗစ်ဆက်ရှင်းပြတဲ့အတိုင်းဆိုရင် ကျွန်တော်တို့တတွေ ပင်လယ်အောက်ခြေမှာရှိတဲ့ ရေငုပ်သင်္ဘောဓာတ်ခွဲခန်းထဲက လှောင်ကန်ဆီကိုရောက်ဖို့ ဒီအဆောက်အဦး ဓာတ်လှေကားကနေ ထပ်ဆင်းသွားဖို့လိုပုံဘဲ။

မှန်ဓာတ်လှေကားက တဖြည်းဖြည်းချင်းအောက်ကို ဆင်းချလာတဲ့တစ်လျှောက်.. အပြင်ဘက်ရေအောက် လောကကြီးရဲ့တမူထူးခြားတဲ့ မြင်ကွင်းတွေအောက်မှာ ကျွန်တော်ချက်ချင်း အဖမ်းစားခံလိုက်ရပြီး အသက်ရှူမှားသွားတဲ့အထိကို နှစ်မြှောမိနေခဲ့တယ်။

အဆောက်အဦးရဲ့ အောက်ဆုံးထပ်ကတောင် ကမ်းဇောက်ပိုင်းအဆုံးက ပင်လယ်နက်ပိုင်းလွင်ပြင်နဲ့ မိုင်တစ်ရာ့ရှစ်ဆယ်နီးနီးလောက် ဝေးနေသေးတာ..။ ဒါတောင် အဆုံးမရှိနိုင်ဘူးလို့ထင်ရတဲ့ အမှောင်ထုတွင်းကြီးထဲ သေချာငုံ့ကြည့်လိုက်ရင်ကိုဘဲ.. နှလုံးသားထဲကို ကြောက်ရွံ့စိတ်တွေနဲ့.. အဆုံးထိရှာဖွေစူးစမ်း ကြည့်ချင်စိတ်တွေကပါ အတူရောပြွန်းဝင်လာကြတာကို သေချာပေါက်ခံစားမိလိမ့်မယ်။

ကျွန်တော်လည်း ဘယ်တော့များ ကိုယ်တိုင်ရေငုပ်သင်္ဘောတစ်စီးနဲ့ ဟိုးသမုဒ္ဒရာအနက်ဆုံးထိဆင်းပြီး စူးစမ်းလေ့လာပိုင်ခွင့် ရှိလာနိုင်ပါ့မလဲ..။ တကယ်လို့များ.. ဒီနှစ်ဘွဲ့စာတမ်းကို ချောချောမွေ့မွေ့ပြီးသွားလို့ နောက်နှစ်နည်းနည်းလောက် ထပ်ကြိုးစားပြီး နိုင်ငံတော်အသိအမှတ်ပြု ရေတပ်အရာရှိတစ်ယောက် ဖြစ်လာပြီဆိုရင်တော့.. ရရင်ရနိုင်လောက်မလား။ 

ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]Where stories live. Discover now