Chapter-8

86 11 6
                                    

ဒက်ရှဲရိုးရဲ့ ရေသူကြီး (မြန်မာဘာသာပြန်)
အခန်း(၈)

Translator - နာမည်ကဒ်ပြား အသစ်လေး
သတိပေးချက်-လိင်အကြမ်းဖက် အသုံးအနှုန်းများပါဝင်သည်

..

ကျွန်တော်ဘယ်လောက်ကြာကြာ အိပ်ပျော်သွားခဲ့မိမှန်းတောင် မမှတ်မိတော့ဘူး..။

နိုးတစ်ဝက်နဲ့ သတိလည်လည်လာချင်းမှာဘဲ ကျွန်တော့်နားက တရှပ်ရှပ်လှုပ်ရှားသံတွေ ကြားရတော့ မျက်လုံးကိုချက်ချင်း ဖွင့်ကြည့်လိုက်တယ်။ မှေးတေးတေးကြည့်လိုက်မှ မြင်လွှာထဲကိုအရင်ဆုံး တိုးဝင်လာတဲ့ မျက်နှာကြက်မီးက စူးလွန်းနေတော့ မခံနိုင်ဘဲချက်ချင်း ပြန်မှိတ်လိုက်ရရော။ ရုတ်တရပ် ကျွန်တော့်ဘေးနားက ထသွားတဲ့ခြေသံတစ်ခုကို ကြားလိုက်ရပြီး အခန်းမီးလည်း တစ်ခါတည်းမှိန်ကျသွားတယ်။

မျက်လုံးတွေကို နောက်တစ်ကြိမ်ဖွင့်ကြည့်လိုက်တော့ ကြည်လင်လာတဲ့ ကျွန်တော့်မြင်လွှာထဲကို ထပ်ဝင်လာခဲ့တဲ့ သူကရွိုင်းပါဘဲ။ ရွိုင်းကကုတင်နားတိုးလာပြီး ကျွန်တော့်ကိုငုံ့ကြည့်တယ်။ ရင်းနှီးနေတဲ့မျက်နှာပေါ်မှာ ပုံမှန်အတိုင်းကျွန်တော် မြင်နေကျအပြုံးလေးနဲ့ပေါ့..။ ဒါပေမယ့်မိုးသည်းသည်းနဲ့ လေရိုင်းတွေအောက်မှာတုန်းက အေးစက်နေခဲ့တဲ့ အဲ့ဒီလူရဲ့မျက်နှာကိုဘဲ ပြန်အမှတ်ရမိတော့ အခုသူ့အပြုံးက ကျွန်တော့်အတွက် သိပ်စိမ်းသက်နေသလိုတောင် ခံစားရတယ်..။ ဟိုးအရင်ကတည်းကစလို့ ဒီလူကျွန်တော်ကို လိမ်ခဲ့တာမဟုတ်လား။ သူ့သရုပ်မှန်ကအစ ဒီသုတေသနခရီးရဲ့ တကယ့်ရည်ရွယ်ချက်အထိ.. အကုန်လုံးက သူလှည့်စားခဲ့တာတွေချည်းဘဲလေ..။

ကျွန်တော့်သူ့ကိုပြန်ပြီး မျက်မှောင်ကြီးကြုပ် ကြည့်နေလိုက်တယ်။ ခေါင်းကတရိပ်ရိပ်မူးနေသေးတော့ အခုထိလည်ချောင်းထဲက စကားတစ်လုံးမှကို ညှစ်မထုတ်နိုင်သေးဘူးလေ..။ သူ့ကိုရန်လုပ်ပြီး ပြန်မေးခွန်းထုတ်ဖို့ရာ အားကတော့ ဝေးရောပေါ့..။

ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]Where stories live. Discover now