Chapter-4 [သားကောင် ဘယ်သူလဲ]

104 12 5
                                    


အခန်း(၄)-သားကောင် ဘယ်သူလဲ

အခြေအမြစ်သိပ်မရှိတဲ့ အတွေးတစ်စအဆုံးမှာဘဲ ရေသူထီးရဲ့ခေါင်းက ကျွန်တော့်ကိုယ်ပေါ် ငုံ့မိုးလာခဲ့တော့တယ်။ ခုဏကရုန်းရင်းဆန်ခတ် အခြေအနေတွေကြားထဲ ရှပ်အင်္ကျီကသူ့အလိုလို လိမ်တက်သွားတာနဲ့ အင်္ကျီအောက်ကခါးကပါ လှပ်ခနဲပေါ်ကုန်တယ်။ နီးသထက်နီးလာတဲ့ တစ်ဖက်ရေသူထီးရဲ့ အကြည့်စူးတွေက အကာကွယ်မဲ့သွားတဲ့ ကျွန်တော့်ရဲ့ဗိုက်သားပြင်ပေါ်ကိုမှ အတော်လေးကွက်ပြီး စိတ်ဝင်စားလာတဲ့ပုံပါဘဲ။

အဲ့ဒီနောက်မှာ ဘောင်းဘီခါးပတ်နားထိ ခေါင်းကိုကပ်လာပြီး ရွှတ်ခနဲငုံ့ရှူလိုက်တဲ့ သူ့ကိုကျွန်တော် တအံ့တဩနဲ့ဘဲ ကြောင်ကြည့်နေလိုက်မိတယ်။ သူ့နှာခေါင်းကိုတရှုံ့ရှုံ့တွန့်ရင်း တရှိုက်မတ်မတ်ကြီး အနံ့ခံနေတဲ့ပုံက လုံးဝသာယာပြီး ပျော်ဝင်နေသလိုမျိုး။ မသိရင်ကျွန်တော့်ရဲ့ကိုယ်နံ့က သူ့ကိုတယစ်ယစ်မူးသွားအောင် ဆွဲဆောင်နေတဲ့ မြိန်လောက်စရာဝိုင်တစ်ခွက် ဖြစ်နေတဲ့အတိုင်း။ အခုနေသူ့နေရာမှာ ချောချောလှလှ ရေသူမလေးတစ်ကောင်သာဆို ဒီမြင်ကွင်းကြီးက တော်တော်လေးကို အပြာဆန်နေလောက်မှာ။

လက်တွေ့မှာတော့.. အချောအလှ အမ'လေးအစား ကိုယ့်ကိုတောင်အချိန်မရွေး ထကိုက်သတ်နိုင်မလားမသိတဲ့ နားလည်ရခက်ခက် အထီးကြီးတစ်ကောင်နဲ့ မျက်နှာချင်းဆိုင်နေရတာ တစ်ခုလေးကွာသွားရုံတင်ပေါ့လေ။

ဒါကြောင့်ဘဲအခုချိန်မှာ တခြားထက် ကြောက်စိတ်တွေဘဲ ပိုဝင်လာမိနေတာပြောရမယ်။ အဲ့လိုနဲ့ကျွန်တော့်ခြေထောက်ပေါ်က သူ့လက်တွေကိုဖယ်ပြီး ခန္ဓာကိုယ်ပေါ်ပြောင်းလှမ်းလာတဲ့ ရေသူထီးကို အသာလေးကြည့်ရင်း ဆက်ပြီးငြိမ်ခံနေခဲ့တယ်။ သူကတော့.. သန်သန်မာမာလက်ကြီးနှစ်ဖက်ကို ကျွန်တော်ကိုယ်တစ်ဖက်စီမှာ ထောက်ထားရင်းအုပ်မိုးလာပြီး သူ့အောက်မှာတင် ထပ်မလှုပ်နိုင်တော့အောင် ပိတ်ပစ်လိုက်တော့တာပါဘဲ။

အနားကိုရောက်လာတဲ့ လက်တစ်ဖက်ချင်းစီက သူ့လက်သည်းတွေက အတော်လေးရှည်ပြီး ချွန်ထက်နေသလို လက်တစ်ချောင်းနဲ့ တစ်ချောင်းကြားထဲမှာလည်း တစ်ဖက်ဖောက်မြင်နေရတဲ့ အရေဆက်မြှေးပါးလေးတွေက ရေယက်လိုမျိုး ဆက်သွယ်ထားကြသေးတယ်။ တစ်ချိန်တည်းမှာဘဲ သူ့ရဲ့ကိုယ်အပေါ်ပိုင်းကို အောက်ထိကွေးရင်း ဆက်ငုံ့လာတော့ အားမာန်အပြည့်နဲ့ အပြိုင်းလိုက်ထောင်ထလာကြတဲ့ ပုခုံးနှစ်ဖက်ပေါ်က ညှပ်ရိုးတစ်စုံကလည်း တစ်ဟုတ်ချင်း မိစ္ဆာအတောင်ပံတွေပါ ပေါက်ထွက်လာတော့မလားလို့ တောင်ထင်ရတယ်။

ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]Where stories live. Discover now