Chapter-7 [မိုးသက်လေပြင်းကြားက သည်းထိတ်ရင်ဖို]

87 12 5
                                    

အခန်း(၇) - မိုးသက်လေပြင်းကြားက သည်းထိတ်ရင်ဖို

..

..

ကျွန်တော်မယုံသင်္ကာနဲ့ ပြန်လှမ်းကြည့်တော့ မျက်စိတစ်မှိတ်စာအတွင်းမှာတင် လက်ရာကပျောက်သွားခဲ့ပြီ။ ကိုယ့်ကိုယ်ကို ထင်ယောင်ထင်မှားတွေ ထပ်မြင်နေပြန်တာများလားဆိုပြီး.. မှန်ပြတင်းပေါက်နားတိုးသွားပြီးမှ အနီးကပ်သေချာပြန်ကြည့်တယ်။ အေးစက်စက်မှန်ပြတင်းပေါ်ကို အတွင်းဘက်ကနေလက်နဲ့ သေချာပွတ်လိုက်တယ်။ အဟုတ်ကိုဘဲ.. မိုးပေါက်ရာတွေကလွဲလို့ ဘာမှကိုရှိမနေခဲ့တာ။

ကျွန်တော်သိပ်ပင်ပန်းနေပါပြီလေ ..

မိုးတွေလေတွေ ပြင်းသထက်ပြင်းလာနေတဲ့ အပြင်ဘက်ပင်လယ်ကြီးဆီကို ကျွန်တော်ပြတင်းပေါက်နားကနေ နဖူးပေါ်လက်နဲ့ပွတ်ရင်း ရပ်ကြည့်နေခဲ့တယ်။ ဒီလိုရာသီဥတုအခြေအနေနဲ့သာဆို ကိုယ့်အခန်းထဲကိုယ် နေနေတာကဘဲ အကောင်းဆုံးအကြံ ဖြစ်မယ်ထင်ပါတယ်။ အပြင်ထွက်ရင်လည်း သင်္ဘောသားတွေကို ကူညီပေးနိုင်မှာမဟုတ်တဲ့အပြင် ကိုယ့်ဟာကိုယ်နေရင်း ပင်လယ်ထဲလွင့်သွားဦး မှာတောင်စိုးရသေးတာ။ လူလည်းအိမ်မက်ထဲ လမ်းလျှောက်နေရသလို အခုထိစိတ်နဲ့ကိုယ်နဲ့မကပ်နိုင်သေးတော့ ဘာမှလည်းဆက် မစဥ်းစားနိုင်တော့ဘူးလေ။ ဒီအတိုင်းနေရင်း တစ်ရေးတစ်မောလောက်ဘဲရလိုရငြားနဲ့ ကျွန်တော်အိပ်ရာပေါ်ကို ပစ်လှဲလိုက်တော့တာပေါ့။

..

မှေးခနဲ အိပ်ပျော်သွားတုန်းခဏမှာဘဲ ရုတ်တရပ်တိုးလာတဲ့ လေအေးတွေကြောင့် ကျွန်တော်ဆတ်ခနဲပြန်နိုးလာတယ်။ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်အခန်းတစ်ခုလုံး ပုံမှန်မဟုတ်သလို မဲမှောင်နေခဲ့ပြီ။ အပြင်ဘက်ကောင်းကင်ကြီးလည်း အအေးမပြတ်တဲ့ မော်စကိုညနေခင်းတွေလို သွေးရောင်ညို့ညို့နဲ့ အုံ့မှိုင်းကျလို့။ ဒီလောက်အရိုးခိုက်အောင် အေးလွန်းတဲ့ ပင်လယ်လေကြမ်းတွေက သူတို့အရှိန်နဲ့ပွင့်သွားပုံရတဲ့ စားကြည့်စားပွဲနား ပြတင်းပေါက်ကနေ ကျွန်တော့်အခန်းထဲစိတ်ကြိုက် တဝှေ့ဝှေ့နဲ့ဝင်တိုးခွေ့နေကြတော့တာကိုး။

ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]Where stories live. Discover now