Chapter-6 [အရေးပေါ်]

106 12 3
                                    

အခန်း(၆)-အရေးပေါ်

ရွိုင်းလက်ပူးလက်ကြပ်မမိခင် ကျွန်တော့်အိပ်ခန်းထဲကို အလောသုံးဆယ်နဲ့ အပြေးပြန်ခဲ့ရတယ်။ အခန်းထဲပြန်ရောက်တာနဲ့ ပစ္စည်းတွေကိုကုတင်အောက်ထဲ အရင်ထိုးသိပ်ထည့်ပစ်တယ်။ ပြီးတာနဲ့ရေဖန့်နေတဲ့အဝတ်တွေကို ချက်ချင်းချွတ်ချပြီး အခန်းဘေးကရေချိုးခန်းထဲကို ကမန်းကတန်းပြေးဝင်လိုက်တော့တယ်။

မတော်လို့များမေးလာခဲ့ရင် ရေချိုးနေလို့မကြားမိလိုက်သလိုလိုနဲ့ ရောယောင်လှိမ့်လို့ရသည်ရငြားပေါ့။ သိပ်တော့ယုံချင်စရာမရှိတဲ့ ဆင်ခြေဆိုပေမယ့်လည်း အလုပ်ဖြစ်ရင်ဖြစ်မှာဘဲမလား။

ဘုံဘိုင်ခေါင်းကိုဖွင့်မချခင် ကျွန်တော်အခန်းအပြင်ဘက်ဆီ ရင်တထိတ်ထိတ်နဲ့ အရင်နားစွင့်ကြည့်သေးတယ်။ ပြီးမှ ပူပူနွေးနွေးရေပန်းအောက်မှာ ကိုယ့်ကိုယ်ကိုအမြန်လေး ဆေးကြောလိုက်ပေမယ့် ကျွန်တော့်စိတ်တွေ ချက်ချင်းတည်ငြိမ်သွားဖို့ထိတော့ ခက်နေတုန်းဘဲ။

ပိုဆိုးတာက ကိုယ်ပေါ်စွဲကျန်နေခဲ့တဲ့ ရေသူထီးဆီကလို့ထင်ရတဲ့ ထူးဆန်းဆန်းအနံ့ကြီးက ဘယ်လိုဆေးချချ ပျောက်မသွားနိုင်တာဘဲ။ ဆက်တိုက်အနှောက်ယှက်ပေးနေတဲ့ အနံ့ကြောင့်နဲ့ခဏနေတော့ ကျွန်တော့်ခေါင်းတစ်ခုလုံး မူးနောက်နောက်ဖြစ်လာတယ်။ အဲ့ဒါအပြင်ကို မထင်မှတ်ထားတဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုက ထပ်ပေါ်လာပါသေးတယ်။ ရေချိုးခန်းနံရံပေါ် အရင်ကျောချင်းကပ်မှီလိုက်ပြီး ပြောမကောင်းတဲ့ အဲ့ဒီအကျိုးဆက်ဆီကို ကျွန်တော်ငုံ့ကြည့်လိုက်မိတယ်။

ကျွန်တော့်ပေါင်တံနှစ်ခုကြားက အကောင်လေးကတော့ အချိန်အခါမသင့်အောင် တက်တက်ကြွကြွကို ထောင်မတ်နေပါပေါ့လား။

ဒီအချိန်မှလားကွာ..

ကျွန်တော်လည်းမတတ်သာဘဲ မျက်မှောင်ကြုပ်ကြုပ်နဲ့ အောက်ဘက်ကဂနာမငြိမ်နိုင်တဲ့ အကောင်လေးကို လက်နဲ့လှမ်းဆုပ်လိုက်တော့တယ်။ နံရံပေါ်ပိုသက်တောင့်သက်သာရှိတဲ့ အနေအထားမျိုးပြောင်းလှဲမှီလိုက်ပြီးမှ လက်ထဲကတင်းမာနေတဲ့အရာလေးကို ဖြည်းဖြည်းချင်းစပြီး အသာအယာပွတ်သပ်လိုက်တယ်။

ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]Where stories live. Discover now