ဘာလိုလိုနဲ့ 3လကြာမြင့်ခဲ့လေပြန်ပြီလေ။ စာမေးပွဲရက်ကလည်း နီးကပ်လို့လာခဲ့ပြီ။
"ဟေး ကလေးတွေ စာမေးပွဲအနားနီးနေပြီနော် စာကြိုးစားကြ
ပေါက်ကရတွေလျှောက်သွားမနေနဲ့""ဟုတ် တီချယ်"
တီချယ်ကတော့ မှာစရာရှိတာတွေမှာသွားပြီး သူအတန်းချိန်ပြီးလို့
ထွက်သွားတော့သည်။"ရှောင်းကျန့် ငါ ဘာစာမှမရသေးဘူး "
"မင်းဟာကလည်း "
"ဟုတ်တယ်ကွာ ငါအခုတစ်ပတ်လည်းကျလောက်တယ်"
"မင်းဟာကလည်း စာမေးပွဲတောင်မဖြေရသေးဘူး ကျချင်တာကအရင်"
"ငါမှ စာမရတာ"
"စာမရရင် လေ့လာ ကြိုးစားပေါ့ကွာ အမှတ်ရအောင်"
"မင်းကရော"
"ငါကလား အဟာ့ ရှောင်းကျန့်လေ ဘယ်သူထင်နေတာလဲ စာအကုန်ရနေပြီက ဒူးနှန့်နေရုံပဲ"
"အေးပေါ့ကွာ မင်းကပြောနိုင်တာပေါ့ စာဂျပိုးကြီးရယ်"
ရှောင်းကျန့် ယွီပင်းစကားကြောင့် ရီသာ ရီနေမိတော့တယ်။
ရှောင်းကျန့်နဲ့အခု3လအတွင်း ကျိရန်မိတ်ဆက်ပေးမှုကြောင့်
ယွီပင်းနဲ့ပါ သူငယ်ချင်းဖြစ်ခွင့်ရသည်။
ပေါတောတောကြောင်တောင်တောင်နေတက်တာကလွဲရင်
ယွီပင်းက စိတ်ရင်းကတော့တကယ်ကောင်းသည်။အမြဲတမ်းအတန်းချိန်မှာ အိပ်ငိုက်နေတက်ပြီး အရိုက်အခံရဆုံးသူဆိုလည်းမမှား နောက်ပြီး စာကျတစ်လုံးမှ မရ ။
ဘယ်ရမလဲ စာမှ လိုက်မမှတ်တာ။ရှောင်းကျန့်ကတော့အဲ့လိုမဟုတ် !
စာလုပ်ချိန်စာလုပ် အစားစားချိန်စား"ရှောင်းကျန့် "
"ဘာလဲ "
"ငါတို့ 3ယောက် အခုညနေ ရုပ်ရှင်ရုံသွားကြည့်ရအောင် "
"မင်းအကြံမဆိုးဘူး"
"အေးလို့ ငါ လက်မှတ်တွေဖြတ်ပြီးသွားပြီ"
ကျိရန်က အားရ၀မ်းသာနဲ့ သူရုပ်ရှင်ရုံက လက်မှတ်တွေကို ထုတ်ပြတယ်။
ညနေဆိုတော့ ကျောင်းဆင်းရင်သွားကြည့်ရုံပေါ့။ ရုပ်ရှင်မကြည့်ရတာတောင်အတော်ကြာပြီ