"သားသွားတော့မယ်နော်မား "
"အင်း မားသားကျန့်လေး လွမ်းရပြန်ပြီ"
ရှောင်းမား ဂျိုင့်လေးတွေ ဆင့်နေရင်း အလုပ်ရှုပ်နေရတော့သည်။
သားလေးအပြင်အစားအစာတွေရော ထပ်စားနေရမှာကြောင့် အိမ်မှာ အကြော်အလှော်တို့ ထည့်ပေးလိုက်ခြင်းဖြစ်သည်။"မားရယ် ပင်းပန်းနေပါမယ် မထည့်ပေးလည်းရပါတယ်"
"ရတယ် သားလေးရဲ့ မားသားလေးကို စားစေချင်လို့ပါ "
"ဟုတ်ပါပြီဗျာ "
ရှောင်းကျန့် မားကို ထပ်မပြောတော့ဘဲ မား ပါးလေးကို နမ်းလိုက်တယ်။ မားကလည်းပြုံးပြီး သူရဲ့ ပါးလေးကို ပြန်နမ်းတယ်။
"မား သားကျန့်လေးက တစ်နေ့တစ်ခြား ချောနေရောပဲ"
"မားနဲ့ တူလို့ပေါ့"
"ပါးပါးနဲ့ရော မတူဘူးဆိုတဲ့ သဘောလား"
"ပါးပါးကလည်း"
အနောက်က ပါးကလှမ်းစ တာကြောင့် ရှောင်းကျန့် ပါးကို ဖက်ကာ ရီပြနေတော့သည်။
"စတာပါ ပါးပါးရာ ပါးပါးနဲ့မားမားကိုတူလို့ ချောနေတာပါဗျ"
"အတက်လေး"
ရှောင်းမားကတော့ ခပ်ပြုံးပြုံးကြည့်နေတော့သည်။
"သားကျန့်"
"ဗျာ ပါးပါး"
"သားက ပါးပါးတို့အရိပ်အောက်မှာ ဝေးနေရလို့ အစစအရာရာ ဂရုစိုက်ပါ သား"
"ဟုတ် ပါးပါး ဂရုစိုက်ပါ့မယ်"
"အင်း ဘာကိစ္စပဲ ဖြစ်ဖြစ် ပါးပါးနဲ့ မားမားကို လှမ်းတိုင်ပင်ပါ သား
ပါးနဲ့မားက သားဆုံးဖြတ်ချက်ကို လက်ခံနားလည်ပေးမဲ့မိဘမို့ ...""ဟုတ်ပါးပါး သား ဘာကိစ္စပဲဖြစ်ဖြစ် လှမ်းတိုင်ပင်ပါ့မယ် ။
သားမှာ အားကိုစရာဆိုလို့ ပါးနဲ့မားပဲရှိတာကို!""ဟုတ်ပါပြီဗျာ"
"ပြဿနာ တစ်ခုခုဖြစ်ရင် စိတ်အေးအေးလေးထား ဆုံးဖြတ်ပါသား ဘယ်အရာကိုမှ ပေါ့ပျက်ပျက်မဆုံးဖြတ်နဲ့ အကုန်နောင်တတွေ စီတန်းရနေမှာ"