အပြင်သွားဖို့ ပြင်ဆင်နေ့သည့် အားကျန့်အား
၀မ်မား သူဆီခနလာဖို့ လှမ်းခေါ်လိုက်သည်။"အားကျန့် သားလေး အပြင်သွားမလို့လား"
"ဟုတ် မား"
"မားဆီခနလာပါဦး"
၀မ်မား လှမ်းခေါ်တော့ အားကျန့်က ဧည့်ခန်းထဲကိုလာကာထိုင်လိုက်သည်။
"အားကျန့်"
"ဗျာ "
"ဟိုနေ့က သားတို့နှစ်ယောက်စကားများကြတာ
မားကြားတယ်။ မားအမှတ်တမဲ့လာရင်း သားတို့ စကားများကြတာတွေမထင်မှတ်ပဲကြားတာ "ထိုအခါ အားကျန့်မှ မျက်လွှာလေးချကာ ခေါင်းငုံ့လိုက်တယ်။ ပြီးမှ သူကိုပြန်ကြည့်လာသည့် အကြည့်တွေမှာ ၀မ်းနည်းမှု အားငယ်မှုအရိပ်အယောင်တို့ပါလာသည်။
"မား ~ "
"အိမ်ထောင်သည် ကိုယ်၀န်ဆောင်က မျက်ရည်မကျရဘူး အားကျန့်ရဲ့ "
"ကျွန်တော် အမှန်တိုင်းပဲ မားကိုပြောပါ့မယ်
သူကိုချစ်ပါတယ်။ သူနဲ့ ကျွန်တော် ညီမလေးနဲ့ ပတ်သက်မှန်း ကျွန်တော်မသိခဲ့ဖူးမား ။ သိခဲ့ရင်လည်း သူကိုလက်ခံ လက်ထပ်မှာမဟုတ် ဘူး။
ကျွန်တော်ကြောင့် သူတို့နှစ်ယောက်အချစ်ရေး ကွဲစေမိပြီ ။ ဒါကြောင့် ကျွန်တော်ကလေး မွေးပြီးရင် သူနဲ့ကွာရှင်းမှာပါ"၀မ်မား အားကျန့်ဆီကလထွက်လာတဲ့စကားသံကြားပြီး သက်ပျင်းချလိုက်သည်။ သားဖြစ်သူက ငဂျစ် အလျှော့မပေးတဲ့အပြင် တော်တော်ပါဆိုးလာသည်။
သားမက်ဖြစ်သူက ခေါင်းမာတဲ့သူ ခက်တယ် ခက်တယ်။"ခက်ပါလား အားကျန့်ရယ် အခုမင်းတို့2ယောက်က
အကြင်လင်မယားဖြစ်နေပြီလေ။ ကွာရှင်းဖို့ဆိုတဲ့စကားကို ထည့်မပြောပါနဲ့..ဟိုကလေးမကိုယ် မားကပဲဖြေရှင်းလိုက်မယ် ""မဖြစ်လောက်ဘူးမား ၀မ်ရိပေါ်သူက..
သူက လက်ခံမှာတဲ့လား...""မားကို ကိုယ်မားအရင်းလို သဘောထား
အားကျန့် အဓိကလုပ်ရမှာက အားကျန့်ဗိုက်ထဲက မားရဲ့မြေးလေးကို ဂရုစိုက်ရမယ် အားကျန့် ကိုယ်ကို ဂရုစိုက်ရမယ် ဒါမှ မွေးလာမဲ့ မားရဲ့မြေးလေးက
ကျန်းကျန်းမာမာ မွေးလာမှာ
ကိုယ်သွေးသားကို မွေးပေးမဲ့ သူကိုယ် မချစ်ဘဲနေနိုင်ရိုးလား "