ဆီးစစ်တံကိုင်ပြီး ငူငူကြီးထိုင်နေသည့်ရှောင်းကျန့်ကိုကြည့်၍ ဘေးကသူငယ်ချင်းတွေကလည်း စိတ်မကောင်း။
ကျန်းချန်ဆို ၀မ်ရိပေါ်ကို ပြေးလက်သီးနဲ့ထိုးချင်တာ လက်ကိုယားလို့နေသည်။ ဘေးက3ကောင်ကတားနေလို့သာ...ယွီပင်းကတော့ မျက်လုံးကလယ်ကလယ်နဲ့ ရှောင်းကျန့်ကိစ္စကို အသဲအသန်စဥ်းစားပေးနေတော့တယ်။
"ကဲ ဘယ်လိုလုပ်မလဲ ရှောင်းကျန့် မင်းမှာကလေးရှိနေပြီ"
"ငါ...ငါမသိဘူး.."
ကျစ် ကျိရန် စိတ်ပျက်လက်ပျက်နဲ့ရှောင်းကျန့်ကိုကြည့်တယ်။သူတို့3ကောင်လည်း ရှော့စ်ရသွားခဲ့တာ။
ရှောင်းကျန့်ကယောင်္ကျားလေးတစ်ယောက်ကို ဘယ်လိုလုပ် ကိုယ်၀န်ဆောင်နိုင်မှာလဲလို့။မယုံကြည်လို့ နီးစပ်ရာ ဆေးခန်းသွားပြတော့လည်း
ကလေးရှိကြောင်းလက္ခဏာပြတယ်ဆိုမှယုံကြတာ။"မင်း ၀မ်ရိပေါ်ကိုပြောရမယ်ရှောင်းကျန့်
မင်းဗိုက်ထဲက ကလေးက သူနဲ့ရတာမလား ""ဟုတ်တယ် ဒါပေမဲ့...ဒါပေမဲ့ ငါကြောက်တယ်သူလက်မခံမှာ"
"ဟ!လက်မခံလို့ မရဘူးလေ သူလုပ်တဲ့ကိစ္စသူတာ၀န်ယူရမှာပေါ့ကွ!!!"
မနေနိုင်တဲ့ ကျန်းချန်ကစိတ်တိုစွာထပြောတာကြောင့် ကျိရန် ထပ်မပြောဖို့ လှမ်းအုတ်လိုက်ရတယ်။
တကယ်ကောင် ပြဿနာ တစ်ခုကို စိတ်အေးအေးမရှင်းပဲ ဒေါသကိုရှေ့တမ်းတင်တယ်။"မင်းဘာမှကြောက်စရာမလိုဘူး ငါတို့မင်းအနားမှာအမြဲရှိနေမှာ မင်းသွားပြောလည်း ငါတို့မင်းနောက်ကလိုက်မှာပေါ့ကွ"
"အင်းး"
"စိတ်အေးအေးဖြေရှင်းနော် ရှောင်းကျန့် မင်းေိုက်ထဲမှာအခု ကလေးလေးရှိနေပြီ "
"အေးပါကွာ"
ရှောင်းကျန့် သူစိတ်ကိုအားပေးနေသည့် သူငယ်ချင်းတွေကိုအ ပြုံးနုနုပြုံးပြပြီး ခေါင်းညှိမ့်ပြတယ်။
"၀မ်ရိပေါ် လက်မခံလို့မရအောင် ကိုငါတို့လုပ်မယ်"
ရှောင်းကျန့်ကတော့ ၀မ်ရိပေါ်ကြိုငြင်းမှာကိုစိတ်ထဲတိတ်တိတ်လေးသိနေတယ်။
ပြားချပ်ချပ်ဗိုက်ကလေးကို ပွတ်ကာ ရှောင်းကျန့် သက်ပျင်းချလိုက်တယ်။
မနက်ဖြန်ရောက်မှာကိုကြိုကြောက်နေမိတယ်။
![](https://img.wattpad.com/cover/363956997-288-k507836.jpg)