"မားရေ သားစျေးသွားလိုက်အုန်းမယ်"
"အေးအေး ကျန့်ကျန့်ရေ ဘာနဲ့သွားမှာလဲ"
"စက်ဘီးနဲ့ပဲ သွားတော့မယ်"
ရှောင်းကျန့်မားကိုေပြာပြီး သူတို့အိမ်ရဲ့ ဂိုထောင်ထဲက
သူအထက်တန်းလောက်က ကျောင်းကိုတက်ခဲ့တဲ့ စက်ဘီးအဟောင်းလေးကို ဆွဲထုတ်လာတယ်။သူစက်ဘီးလေးက ပါးရောမားရော မထိတာကြောင့်
ပင်ကူမြှင်တို့တက်နေတော့သည်။ ဖုန်တွေ ခါထုတ်ပြီး
အမြန်ပဲ စက်ဘီးကလေးကို နင်းကာ စျေးတန်းဘက်ကို နင်းလာတော့သည်။ချုံချင်းပြန်ရောက်တာ 4ရက်ရှိပြီ ။ လူဆိုးကောင်
ကို လွမ်းလွန်းလို့လည်း သေတော့မယ်။သူကတော့ ပျော်နေမှာပေါ့။ကိုယ်က တစ်ယောက်ထဲ ဖြစ်နေတာ ...
သူက သူက..လက်ရှိ ရည်းစားနဲ့လေ ..
တကယ်ဆိုမဖြစ်နိုင်ပါဘူး ၀မ်ရိပေါ်က ချမ်းသာတယ်
၀မ်မိသားစု အရှိန်အဝါက အရမ်းကြီးလွန်းတယ်။
သူက အညာတရ လေ ...ရှောင်းကျန့်လည်း အတွေးတို့ကိုရပ်ကာ လက်ဆွဲ ခြင်းတောင်းကိုင်ပြီး စျေးထဲ၀င်လာလိုက်တယ်။
သူနောက်ကို တစ်ယောက်ယောက်က လိုက်ကြည့်နေလို့ ထင်လို့ ပိတ်လှည့်ကြည့်တော့ မတွေ့ ...
အင်း သူစိတ်ထင့်နေတယ် နေမှာ ဘယ်သူမှမလိုက်လောက်ပါဘူး.. ခေါင်းကို တဗျင်းဗျင်းကုတ်ကာ
အထဲ၀င်သွားတော့သည်။သူနဲ့အလှမ်းမကမ်းက နံရံဘေးမှာတောင့် ရင်ဘတ်ကို ဖိကာ အရမ်းတုန်လှုပ်နေတဲ့ ကောင်လေးလဲရှိသည်။
သူလိုက်နေသည်ကို ရှောင်းကျန့်ကို မသိစေချင်ဘူး
ထိုသိလိုက်တာက သူမာနကိုထိခိုက်မည်မဟုတ်လား?ရိပေါ်တွေးနေရင်းပဲ ဆက်ပြီး တိတ်တိတ်လေးသာ လိုက်နေတော့သည်။
နောက် 2ရက်လောက်နေပြီး ပြန်မှဖြစ်မည်။ မဟုတ်ရင်
အိမ်က မားရဲ့ အဆူခံရမည်။
ပါးကလည်း ပြောမှာကြောင့် ရိပေါ်ခေါင်းသာ ခါပြီးအတွေးတို့ကို ဖျက်ကာ လိုက်သာ လိုက်လာတော့သည်။စျေး၀ယ်နေရင်း တစ်ချက်တစ်ချက် စျေးသယ်ကို နှုတ်ခမ်းတထော်ထော်နဲ့ စျေးဆစ်နေပုံလေးက မြင်ရသူတွေအဖို့ အသဲယားစရာ။