"လက်မခံလို့မရဘူး ဘာလို့ဆို အားကျန့်လေးမှာ
ကိုယ်၀န်ကြီးနဲ့"အားကျန့်! ဘာလဲ မားကဘာလို့ တရင်းတနှီးတွေ
အားကျန့်လို့ခေါ်နေရတာလဲ? မဟုတ်မှ ရှောင်းကျန့်!
များမားကိုဘာတွေ မြူစွယ်ဖြားယောင်းထားတာလား?
မားလို မာနကြီးတဲ့ လူမျိုးက...."ရှောင်းကျန့် မင်းမားကို ဘာတွေပြောလို့ အခုလိုတွေ လက်ခံနေတာလဲ!!"
"မဟုတ်ဘူး ၀မ်ရိပေါ် ငါဘာမှမပြောဘူး"
"အဟက် ! သူခိုးကခိုးတယ်လို့၀န်ခံမလား?
ပြောတဲ့လူကတော့ ၀န်ခံမလား !""သား၀မ် တော်တော့ အားကျန့်ကမားကိုဘာမှမပြောဘူး မားကိုယ်တိုင်ဒီကိစ္စ စီစဥ်တာ"
"အဓိပ္ပာယ်မရှိလိုက်တာ မားရာ!!"
"အဲ့ အဓိပ္ပာယ်မရှိတာကိုရှိအောင်လုပ် ခဲ့တာရော ဘယ်သူလဲ"
"အဲ့တာက ...အဲ့တာက အခုလိုဖြစ်မယ်မှန်းမသိခဲ့လို့!"
၀မ်ရိပေါ်က ဂျစ်တစ်တစ်ပုံစံနဲ့ ရှောင်းကျန့်ကိုစူးရဲစွာကြည့်နေမိသည်။ သူရှောင်းကျန့်ကို စိတ်ပျက်မိပါတယ်။ သူရဲ့သာယာနေပြီဖြစ်တဲ့ဘ၀ထဲ...
"၀မ်ရိပေါ်ဘက်ကမှ လက်မခံတာ ကျွန်တော်ဘက်ကလည်းရပါတယ် ဒီကလေးကို ကျွန်တော် ဘာသာမွေးလည်းရပါတယ်။ ကျွန်တော်ရဲ့ကလေးကိုမလိုချင်လို့ ဖျက်ပါချခိုင်းတဲ့ လူနဲ့လည်း ကျွန်တော်လက်မထပ်နိုင်ပါဘူး ။ ကလေးအဖေဘယ်သူလဲဆိုတာပါ ဘယ်သူမှမပြောပါဘူး ကုန်ကုန်ပြောရရင် ကျွန်တော်မိသားစုကိုတောင်မပြောပါဘူး ကျွန်တော်အတွက်နဲ့
အဲ့လောက်၀မ်မိသားစုခေါင်းခဲမနေပါနဲ့
ဒီကလေးကြီးလာသည်အထိ ၀မ်မိသားစုနဲ့ လုံး၀မပတ်သက်ခိုင်ပါဘူး တွေ့လည်းမတွေ့စေရပါဘူး
ကျွန်တော် သွားပါတော့မယ် ခွင့်ပြုပါဦး"ရှောင်းကျန့် ၀မ်ရိပေါ်ကိုတလှည့်ကြည့်ကာ။
"စိတ်ချ ၀မ်ရိပေါ် မင်းမမြင်ချင်တဲ့
ငါကလေးနဲ့ ငါကို ဒီတစ်သက်မင်းမမြင်စေရဘူး မင်းလည်း ပျော်ရွှင်တဲ့မိသားစုအိမ်ထောင်ဘ၀ကိုပိုင်ဆိုင်ရပါစေလို့ ငါဆုတောင်းပေးတယ်"
![](https://img.wattpad.com/cover/363956997-288-k507836.jpg)