"ဘယ်လို...ဘယ်လို.."
၀မ်သခင်မကြီး သူသားအရွယ်ကလေး3ယောက်ဆီကစကားသံကြားပြီး သွေးတက်သွားတယ်။
မယုံမှာဆိုးလို့ ဆေးစာရွက်စာတမ်းတွေက အစ အကုန်ယူလာပြီး သူကိုပြသည်။သူယုံရမှာလား အခုခေတ်မှာ ယောင်္ကျားလေးတွေဆေးပညာနဲ့ကလေးယူလို့ရတာသိပေမဲ့
မွေးရာပါသားအိမ်ပါပြီး ယောင်္ကျားလေး ကို သူအခုမှတွေ့ဖူးတာဖြစ်သည်။"သား၀မ်ကိုသွားပြောသေးလား"
"သွားပြောပါတယ် သူကဖျက်ချလို့ပြောတယ် တာစန်မယူနိုင်ဘူးလို့ရော"
"ဘယ်လို!!ဖျက်ချခွင့်မပြုနိုင်ပါဘူး ဒီကလေးက ၀မ်အိမ်တော်ရဲ့ပထမဆုံးမျိုးဆက်ပဲ။ ဒါနဲ့ဟိုကောင်လေးရော"
"ကျောင်းအဆောင်မှာ အိပ်ကျန်ခဲ့ပါတယ်၊ ကျွန်တော်တို့3ယောက်ဒီကိုလာတာသူမသိပါဘူး။
သူကတော့ ဒီကလေးဖျက်မချဘဲ မွေးမယ်လို့ပြောပါတယ်""ကောင်းတယ် သား၀မ် လက်မခံရင်ငါလက်ခံတယ်
သား၀မ်ကိုငါပြောရင်ရတယ်။လက်ထပ်ပွဲအမြန်ဆုံး
စီစဥ်ရမယ်၊ ၀မ်အိမ်တော်ရဲ့မျိုးဆက်ကို ဘေးမဲ့ လွှတ်မထားဘူး""ဟုတ်ကဲ့ "
"ဒါဆို အဲ့ကလေးဆီသွားကြတာပေါ့ မင်းတို့3ယောက်လည်း လိုက်ခဲ့"
3-ဟုတ်ကဲ့ ၀မ်သခင်မကြီး
ကျိရန်တို့ 3ယောက် မျက်နှာချင်းဆိုင်ပြီး သူတို့လုပ်နိုင်ပြီးဆိုပြီးသူတို့စိတ်ထဲဂုဏ်ယူ၀ံ့ကြွားနေတော့သည်။
.
.
.
!ဘုတ်!
ရှောင်းကျန့်လက်ထဲက ပန်းသီးလေးက အောက်ပြုတ်ကျသွားခဲ့တယ်။
၀မ်ရိပေါ်ရဲ့ မားက ဘာလာလုပ်တာလဲ?
သူနဲ့ ရိပေါ်အကြောင်းသိသွားတာလား ? သူကလေးလေးကို ဖျက်ချဖို့ လာပြောတာလား အို...မဖြစ်ဘူး
ဖျက်မချပေးနိုင်ဘူး။"ရှောင်းကျန့်!"
"ဟုတ်ကဲ့"
၀မ်သခင်မကြီး သူအရှေ့က ရှောင်းကျန့်ဆိုတဲ့ကောင်လေးကို ကြည့်တယ်။ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့
မျက်နှာလေးက သူ၀င်လာကတည်းကကြည့်နေတာချစ်မွှေးပါလာသည်ထင်သည်။ ဖြူဖြူစင်စင်လေး
ယောင်္ကျားလေးတစ်ယောက်မှဟုတ်ရဲ့လားလို့ သူ သံသယ၀င်မိသည်။
