-21-

2.7K 168 30
                                    

"ဘယ်ကပြန်လာတာလဲ"

"အပြင်က "

ခပ်ပြတ်ပြတ်ပြောပြီး အိမ်ပေါ်တက်ဖို့လှေကားလက်ရန်းကိုကိုင်ထားစဥ်။

ဧည့်ခန်းထဲ laptopတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ၀မ်ရိပေါ်က ထလာပြီး ရှောင်းကျန့်အနားရောက်လာကာ။

"ငါပြောထားတဲ့ စကားမေ့နေတာလား ရှောင်းကျန့်"

၀မ်ရိပေါ်စကားအသံကြောင့် လှေကားတက်ဖို့ပြင်နေတဲ့ရှောင်းကျန့်က တစ်ချက်လှည့်ကြည့်လာပြီး မျက်ခုံးပင့်ကာ

"မင်း ပြောတဲ့စကားက ဘာလဲ"

"ဟိုအကောင်နဲ့ တွဲသွားတွဲလာမလုပ်နဲ့လို့ပြောထားတယ်လေ"

အံကြိတ်ကာ ခပ်တင်းတင်းဖိကြိတ်ပြောလာတဲ့
၀မ်ရိပေါ်ပုံစံက အရမ်းကြောက်ဖို့ကောင်းတယ်။

"နေစမ်းပါဦး မင်းငါ​အကြောင်း၀င်ပါစရာမလိုဘူး"

"ဘာလုပ်မလိုလဲ ငါက ငါကမင်းရဲ့...."

"ဘာလဲ ယောင်္ကျားလို့ပြောဦးမလို့လား ဟမ်!
မင်းအနိုင်လိုချင်တိုင်း ငါကိုအဲ့ယောင်္ကျားဆိုတဲ့ စကားလုံးနဲ့ ကိုင်မပေါက်နဲ့"

ရှောင်းကျန့်အသံက အရမ်းကျယ်သွားသည်။ တံခါးဘောင်အ၀ကနေလည်း အိမ်အကူမလေးတွေက သူတို့နှစ်ယောက်ကို ချောင်းကြည့်နေကြသည်။
၀မ်သခင်မကြီးတို့ အိမ်မှာမရှိတော့ သခင်လေးနှစ်ယောက်က ဖြစ်ချင်တိုင်းကိုဖြစ်နေကြတာ။

"ဘာဖြစ်လဲ ဘာဖြစ်လဲ ရှောင်းကျန့် မင်းကိုငါပိုင်တယ်
ငါပြောသလိုနေ "

"မနေနိုင်ဘူး ၀မ်ရိပေါ် လွှတ်စမ်း ငါလက်ကို ငါကိုလွှတ်  "

"မလွှတ်ဘူး"

၀မ်ရိပေါ်က အသဲတွေယားလာတယ်။ သူစကားကိုနားမထောင်တဲ့အပြင် သူကိုပါတစ်ခွန်းမကျန်ပြန်ပြောတဲ့ ရှောင်းကျန့်ကို စိတ်ရှိလက်ရှိ ဖြစ်ညှစ်ပစ်ချင်ပါသည်။

  "လွှတ် ငါအရမ်းပင်ပန်းနေပြီ"

"ဘာလဲ ! ဘာတွေပင်ပန်းနေတာလဲ ရှောင်းကျန့်ဟမ်
မင်းဟိုကောင်နဲ့ လျှောက်လည်နေရလို့ ပင်ပန်းနေတာလား"

 𝐀  𝐠 𝐚 𝐢 𝐧 [ 𝐎𝐧𝐠𝐨𝐢𝐧𝐠]Where stories live. Discover now