"မားးးးး"
"အားကျန့်"
ရှောင်းကျန့် ဆိုင်အ၀မှာအထုတ်ချပစ်ခဲ့ပြီး
ဆိုင်ထဲကမားဆီအပြေးသွားကာ"မား သားမားကိုလွမ်းနေတာ ~"
"မားလည်း မားသားချောချောလေးကို လွမ်းပါ့ရှင်"
ရှောင်းမားလည်း အံ့သြသွားတယ် သူသားလေး
ကျောင်းပိတ်တာကိုအသိမပေးဘဲ ပြန်လာတော့လေ။"ပါးရော မား"
"သားရဲ့ပါး ဟိုဘက် ရပ်ကွက်ကိုသွားတယ်
ကုန်တင်ရင်းလေ""ဪ ဟုတ် ဆိုင်မှာ လူတအားကျတယ်နော်"
"အင်း သားကျန့် အခုနေ့ရော အရင်ရက်တွေကရောတော်တော်လေးရောင်းအားတက်တယ်"
မားရဲ့ စားသုံးသူတွေကိုကြည့်ကာအားရပါးရပြောနေပုံက တကယ်ကိုကြည်နူးစရာကောင်းလွန်းတယ်။
ပါးနဲ့မားက အဖိုးနဲ့အဖွား အမွေဖြစ်တဲ့ ဒီခေါက်ဆွဲဆိုင်ကို လက်ဆင့်ကမ်းထားတာဖြစ်တယ်။သူတို့ဆိုင်က ဒီချုံချင်းမြို့ တစ်ဝိုက်မှာနာမည်ရဆိုင်ဖြစ်တယ်။
နောက်ပြီး မားရဲ့လက်ရာကလည်း လက်ဆင့်ကမ်း လက်ရာပဲ။ အရမ်းအရသာရှိပြီး စားသုံးသူတွေကို လက်ယက်ခေါ်သလိုပဲ။
အရသာရှိတဲ့ ခေါက်ဆွဲတွေကို နှစ်သက်ကြတာကြောင့်
ခေါက်ဆွဲဆိုင်လေးက လူကိုစည်ကားနေတော့သည်။အစပ်အရမ်းကြိုက်တဲ့ ချုံချင်းသားတွေရဲ့ ပင်တိုင်ခေါက်ဆွဲဖြစ်ပြီးသူတို့ အကြိုက်ပင်ဖြစ်နေတော့သည်
"ဒါဆို သားလည်း ၀င်ကူပေးမယ်"
"မား သားလေးရယ် ကားစီးလာရတာပင်ပန်းနေတယ်မလား မားပဲ လုပ်မယ်ရတယ်သား"
"မဟုတ်တာမားရာ သားဘာမှမပင်ပန်းဘူး"
"သားရယ် မလုပ်ပါနဲ့"
"သားလည်း မားကို ကူပြီးလုပ်ပေးတာလေ သားရဲ့ဆိုင်ပဲ "
"ဟုတ်ပါပြီ အလိမ္မာတုံးလေးရယ်"
ရှောင်းမား သူသားလေးရဲ့ နှာခေါင်းလေးကို အသဲယားလာပြီး လက်နဲ့ညှစ်ကာပြောလိုက်တယ်။
ရှောင်းကျန့်လည်း မားပါးလေးကို အာဘွားပေးတော့။