"ရှောင်းကျန့် မနက်အစောကြီး ဘာလာလုပ်တာလဲ "
ကျိရန် တံခါးခေါက်သံကြောင့်အိပ်မှုစုံမွှားနဲ့ထလာပြီးတံခါးဖွင့်တော့ အထုတ်အပိုးအပြည့်နဲ့ရှောင်းကျန့်က မက်တပ်ရပ်နေတော့သည်။
ကျိရန်နာရီလက်တံပိတ်ကြည့်တော့ နံနက်4နာရီကိုညွှန်ပြနေတော့သည်။
"လာ လာ အထဲကို "
ကျိရန်လည်း ရှောင်းကျန့်အထုတ်အပိုးတွေကို ကူပြီးအခန်းထဲသယ်ထည့်ပေးတော့သည်။
ကုတင်ဘေးမှာချပေးလိုက်ပြီး ရှောင်းကျန့်မျက်နှာအခြေအနေကိုအကဲခက်နေတော့သည်။
"ဘာဖြစ်လာတာလဲ"
"ဟိုအဆောင်မှာမနေချင်လို့ ထွက်လာတာ"
ရှောင်းကျန့်အသံက ချောင်ကပ်ကပ် မျက်လုံးတွေကလည်းရဲပြီးတောင်ပို့လို မို့တက်နေတော့သည်။ နှာခေါင်းနှာသီးအဖြားလေးတွေလည်းရဲတွတ်နေတော့သည်။
"၀မ်ရိပေါ်နဲ့ စကားများလာတာလား "
"အင်းနည်းနည်းပါ "
"မင်းကိုသူကဘာ..."
"ကျိရန်ငါအရမ်းပင်ပန်းနေလို့ အိပ်လို့ရတယ်မလား"
"အာ ရတယ် ဟိုဘက်ကုတင်ပေါ်အိပ်"
ကျိရန် မေးနေတာကိုရှောင်းကျန့်ကမဖြေဘဲ ပတ်ကွေ့ပြောလိုက်တာကြောင့် ရိပေါ်နဲ့စကားများနဲ့အကြောင်းကို ပြောမပြချင်ဟန် မကြိုက်ဟန်ကြောင့်ကျိရန်လည်း ဆက်မမေးတော့ဘဲ နေလိုက်တော့သည်။
ရှောင်းကျန့်အရမ်းပင်ပန်းနေတာကြောင့်ရော ကျိရန်မေးတာတွေမဖြေချင်တာကြောင့် အကြောင်းမဲ့ ကုတင်ပေါ်လှဲချလိုက်တော့သည်။
စောသေးတာကြောင့် သူလည်း ပြန်အိပ်ဖို့လုပ်နေတော့သည်။
ကျိရန်ကုတင်ပေါ်အိပ်မလို့ကျန်တုန်း
"ကျိရန်"
"ဟမ်"
"ငါမင်းအဆောင်မှာပဲနေမယ်ရတယ်မလား "
"ဘာလုပ်မရ ရမှာလဲ မင်းကငါသူငယ်ချင်းပဲဟာ '
"ကျေးဇူးကျိရန်"