"ရှောင်းကျန့် မျက်နှာလည်း မကောင်းပါလား"
"အင်း"
ရှောင်းကျန့် စာရေးနေရင်း ဘေးကိုလာကာမေးတဲ့ကျိရန်ကြောင့်
သူလည်းခေါင်းညှိမ့်ပြတယ်။
မနေ့ကအတန်းမတက်ရတာကြောင့် သူမှာစာကိုအကုန်အမှီလိုက်ကူးရေးနေခြင်းဖြစ်တယ်။
ကျိရန်ကသူ စာအုပ်ခနငှားလို့ ကူးရေးရတာအဆင်ပြေသွားတယ်။"ဒီအတိုင်း မိသားစု ကိစ္စပါကွာ"
လေးလေးပင်ပင်ပြောလာတဲ့စကားကြောင့် ကျိရန်လည်း
ဆက်မမေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါအေမဲ့ သူကနည်းနည်းလျှာရှည်တယ်။"ငါနဲမင်းက မနေ့ကမှ သူငယ်ချင်းဖြစ်ပေမဲ့ ငါရင်ထဲမှာတော့ ဟိုးငယ်ငယ်ကပေါင်းလာတဲ့သူငယ်ချင်းလိုပဲသဘောထားတာ
မင်းအဆင်မပြေတာရှိရင် ငါကို ရင်ဖွင့်လို့ရတယ် လေ
ရှောင်းကျန့်!""အင်းပါကွာ "
ရှောင်းကျန့် ပြောပြီး စာသာဆက်ရေးနေလိုက်တယ်။
ချုံးချင်းမှာ ရှိတဲ့ သူပါးနဲ့မားက ခုနကလေးတင်လှမ်းဖုန်းဆက်တယ်။
ပါးကအခုနှစ်မှာ ကျန်းမာရေးအရမ်းချူချာနေတာကြောင့်သူမှာအဝေးကသာစိတ်ပူမိသည်။
ကျောင်းကလည်းမပြီးသေး အခုနှစ်တက်ပြီးရင်ပြီးပြီမို့ အဲ့နည်းကြောင့်သာသူစိတ်အနည်းအငယ်ဖြေနေရသည်။
ကျောင်းပြီးရင်တော့ သူမွေးရပ်မြေကိုပြန်ပြီး ပါးနဲ့မားကိုပြန်လုပ်ကျွေးကျေးဇူးဆပ်ပါအုန်းမယ်။နေမကောင်းချိန်တိုင်းမားကအမြဲပြုစုပေးတာကြောင့်
မားကိုသတိရမိသည်။
စိတ်ဓာတ်ကျနေတဲ့အချိန်ဆို ပါးကခွန်အားတက်စေမဲ့စကားတွေအမြဲအားဖြည့်ပေးသည်။တကယ်ဆိုပါးနဲ့မားရင်ခွင်ထဲကနေအခြားမသွားချင်ပါ။
ပညာရေးအရသာ..ရှောင်းကျန့်တွေးနေရင်းခေါင်းခါလိုက်တယ်။ အနည်းငယ်နောက်ကျိကျိဖြစ်နေတဲ့ ခေါင်းကိုခပ်ဖွဖွထုလိုက်တယ်။
ထိုအချိန် ကျောင်းသားတစ်ယောက်ကအပြေးအလွှားလာပြီး..
"ရိပေါ်လေ ၀မ်ရိပေါ် ပထမနှစ်ကကျောင်းသားတွေနဲ့ ရန်ဖြစ်နေတယ်"
