-20-

2.2K 136 23
                                    

ကော်ဖီဆိုင်ထဲတွင် တိတ်ဆိတ်နေသည့်လူနှစ်ဦး..
အရင်ဆို အသံစာစာတွေအမြဲထွက်ပေမဲ့။
အခုလေထုကတော့အရမ်းကိုအေးစက်နေသည်။
စကားမစသေးဘဲတစ်ယောက်မျက်နှာတစ်ယောက်
ကြည့်နေတာ 10mins လောက်ရှိသည်။

"ပြောစရာရှိတယ်ဆို ဘာလဲပြောလေ ကောအချိန်သိပ်မရဘူး"

"ကော"

အပ်ကွဲကွဲအသံနဲ့ထွက်လာသည့် စကားက အရမ်းကြေကွဲဖို့ကောင်းသည်။ ထိုအသံကတစ်ခြားသူမဟုတ်
သူညီမ၀မ်းကွဲ ရှောင်းမိန်မိန်မှဖြစ်သည်။
မျက်ရည်ကြည်တွေကျနေတာကြောင့် ဒီကောင်မလေး အတော်လေးခံစားနေရသည်ဆိုတာ ရှောင်းကျန့်ရိပ်မိသည်။

"အင်း "

အေးစက်စက်အသံနဲ့ပဲ ရှောင်းကျန့် ပြန်တုံ့ပြန်လိုက်သည်။
သူအနေနဲ့ အခုကိစ္စက အချော့ပေးသင့်သည့် ကိစ္စမဟုတ်သည့်အတွက် တင်းမာနေရမှာပဲ။

"ကိုကိုရိပေါ်နဲ့....."

"ကွာရှင်းဖို့ပြောမယ်ဆို ကောပြန်တော့မယ်မိန်မိန်
ကောပြောထားပြီးသားပါ ကောမှာ ရိပေါ်ရဲ့ကိုယ်၀န်လွယ်ထားရလို့ ဘယ်လိုနည်းနဲ့မှ မကွာရှင်းပေးနိုင်ပါဘူး"

"ဘာလို့လဲ...ဘာလို့...မိန်မိန်ဆီက ကိုကို ကိုယ်ဘာလို့ဘာလို့...လုယူခဲ့တာလဲလို့ ဖြေလေ"

"ရှင်းရှင်းပြောရရင် မိန်မိန်နဲ့ ရိပေါ်မသိခင်ကတည်းက
ကောနဲ့က အရင်ပတ်သက်ပြီးသား  နောက်ပြီး
မိန်မိန်ချစ်သူက ရိပေါ်မှန်းမှ ကောမသိတာ နောက်ပြီးအခုက ကောအမှားမဟုတ်ဘူး "

ရှောင်းကျန့် ဆိုင်အရှေ့ကဖြတ်သွားတဲ့ ကားတွေကိုအကြောင်းအရင်းမရှိငေးကြည့်နေတော့သည်။
ကိုယ်ကမမှားပေမဲ့ မိန်မိန်ကို အားနာသည်။

"ဒါဆိုမိန်မိန်က...မိန်မိန်က နောက်ဆုတ်ပေးရမှာပေါ့"

"ဆိုပါတော့...လူလောကထဲမရောက်သေးတဲ့..မိန်မိန်နဲ့သွေးသားတော်ဆပ်မဲ့ ...."

"မပြောနဲ့ အဲ့ကလေးအကြောင်းမကြားချင်ဘူး..!"

ရှောင်းကျန့်သက်ပျင်းရေးရေးချလိုက်သည်။
သူဘယ်လို နားလည်အောင်နားချရပါ့မလဲ...

 𝐀  𝐠 𝐚 𝐢 𝐧 [ 𝐎𝐧𝐠𝐨𝐢𝐧𝐠]Where stories live. Discover now