အခန္း(၅)

8K 454 30
                                    

Unicode

Private jet ကြီးပေါ်မှာ လင်းလက်ပိုင် သတိမကပ်စွာထိုင်နေမိရင်း မျက်နှာချင်းဆိုင်မှာရှိနေတဲ့ တည်တံ့မြဲမြံကို လှမ်းကြည့်လိုက်မိသည်။ အပြင်ဘက်က နက်ပြာရောင်တိမ်စိုင်တွေဆီကို မျက်နှာမူထားတဲ့ အယ်လ်ဖာက vape သောက်နေ၏။ အလုံပိတ်ထားတဲ့နေရာမို့ vape ရဲ့ favourအနံ့က စူးစူးရှရှထွက်နေပြီး ပတ်ဝန်းကျင်ကိုလွှမ်းခြုံထားသည်။

လန့်ပြီးငိုထားတဲ့ပိုင်ထူးလေးက လင်းလက်ပိုင်ရဲ့လက်ကိုအားကိုးတကြီး ဖက်တွယ်ထားပြီး ဘေးမှာကျုံ့ကျုံ့လေးထိုင်နေကာ သူ့ဦးလေးလိုပဲ တည်တံ့မြဲမြံကို မဝံ့မရဲလေးကြည့်နေပြန်သည်။ အယ်လ်ဖာကို ကြောက်စရာတွေ့သလို ကုပ်ကုပ်ကလေးထိုင်ကြည့်နေကြတဲ့ တူဝရီးကြောင့် သတိထားမိနေတဲ့တည်တံ့က ဖြတ်ခနဲတစ်ချက်စူးစူးစိုက်စိုက်ပြန်ကြည့်လိုက်တော့ နှစ်ယောက်လုံးငြိမ်ကုပ်သွားတာများ ခေါင်းလေးတွေပါပုဝင်လို့။

တည်တံ့မြဲမြံရဲ့ဘေးမှာ ရိုင်ဖယ်ကြီးကရှိနေဆဲဖြစ်ပြီး အယ်လ်ဖာက ဇိမ်ခံဆိုဖာကြီးပေါ်မှာ လျော့တိလျော့ရဲထိုင်နေတာဖြစ်သည်။ သွေးတွေပေနေတဲ့ အင်္ကျီကိုမလဲသေးဘဲ တစ်ခုခုကိုစောင့်နေပြီး အပြင်ဘက်ကိုကြည့်ကာသာ ငြိမ်နေသည်မှာ တစ်နာရီလောက်ရှိနေပြီ။

သူ သမင်လိုက်ဖို့ တောနက်ထဲကိုရောက်နေခဲ့တာ။ စိတ်ပြေလက်ပျောက် အမဲလိုက်တတ်တဲ့အကျင့်က ဦးလေးမင်းဆက်နိုင်သင်ပေးခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ကလည်း ထိုအရာကိုနှစ်ခြိုက်လာတာကြောင့်။

ခန့်ထည်ဆီက ပြဿနာတက်နေပြီအကိုလေးဆိုပြီး အကြောင်းကြားတာလက်ခံရပြီးပြီးချင်းပဲ သူအမဲလိုက်နေကြရိုင်ဖယ်ကြီးကိုင်ပြီး Zurich ကိုအမြန်ဆုံးထွက်လာခဲ့ရတာ။ လေယျာဉ်လက်မှတ်တွေ စီစဉ်နေဖို့အထိ အချိန်မရတာမို့ ရန်ဖြစ်ထားတဲ့ ခန်း ကို ကိုယ့်ဘက်ကအရင်တောင်းပန်လိုက်ရသည်။ အကြောင်းကတော့ private jet က ခန်းရဲ့ပိုင်ဆိုင်မှုဖြစ်တာကြောင့်ပင်။

သူအမြန်ဆုံး ထွက်လာခဲ့တာတောင် မှီ်တယ်ဆိုရုံလေး၊ နည်းနည်းလေးလောက်ပဲထပ်နောက်ကျကြည့်။ ရဲရဲပိုင်ရော သူ့သားဆူမိုရော အသက်တောင်ရှိမှာမဟုတ်တော့ဘူး။ တွေးနေရင်းနဲ့ အယ်လ်ဖာက မေးရိုးတွေတင်းလာသည်။ ဘယ်ကောင်က အနံ့ရသွားပြီး ကြံစည်ရဲသလဲမသိပေမဲ့ မိလို့ကတော့လားကွာ!

Hate Me If You Can (COMPLETED)Where stories live. Discover now