အခန္း(၃၃)

5.8K 432 53
                                    

Unicode

တည်တံ့ပြောနေသလိုပဲ ညရောက်တော့ ရဲရဲပိုင်က ကိုယ်တွေပူကျစ်လာသည်။ ညစာစားဖို့ငြင်းဆန်နေပြီး အိပ်ချင်တယ်ပဲအော်နေတဲ့ အိုမီဂါက မသင်္ကာစရာ။ နဖူးကိုကောက်စမ်းလိုက်တော့ အဖျားရှိန်က နဖူးပေါ်ဟင်းအိုးတင်လို့တောင်ရနေပြီ။

တည်တံ့က အိတ်ထဲ သော်ဇင်ထည့်ပေးလိုက်တဲ့ ဆေးသေတ္တာကိုပြန်ရှာပြီး အထဲကနေ အပူကျဆေးတွေရွေးထုတ်လိုက်တယ်။ အယ်လ်ဖာကို ရဲရဲက မျက်မှောင်လေးကုပ်ကာစိုက်ကြည့်နေပြီး တစ်ခုခုကိုအထွန့်တက်ချင်ပြန်၏။ တည်တံ့မြဲမြံကိုရော သူ့လက်ထဲက ဆေးလုံးတွေကိုရော ရဲရဲမကြိုက်ပါဘူး။

ဆေးကိုကတ်ထဲက ဖောက်ထုတ်ပြီးတော့ အယ်လ်ဖာက သူ့ပါးစပ်ထဲထိုးထည့်ပေးဖို့လုပ်လာသည်။

"ဟင့်အင်း..ဟင့်အင်း..ခါးတယ် မသောက်ချင်ဘူး"

နှုတ်ခမ်းတွေကြားထဲ ဆေးလုံးအတင်းထည့်တော့ ရဲရဲက ပါးစပ်ကိုအသေပိတ်ပြီး စောင်ကိုခေါင်းထိဆွဲခြုံကာ ဘုန်းခနဲလှဲအိပ်သွားသည်။ တည်တံ့သူ့ခေါင်းသူဆွဲဖွပစ်လိုက်ပြီး စောင်ပုံထဲက ရဲရဲပိုင်ကို လက်နဲ့နှစ်ချက်ပုတ်လိုက်၏။

"မဆိုးနဲ့ ထ"

"ဟင့်အင်း..ဆေးမသောက်ဘူး ကောင်းသွားလိမ့်မယ်"

"ဆေးမသောက်ဘဲ မင်းအဖေကိုကောင်းမှာလား! မဆိုးနဲ့ကွာ ရဲရဲပိုုင် အခုထစမ်း!"

"မသောက်ဘူး ခင်ဗျားဟာခင်ဗျားနေပါဆိုနေ"

ရဲရဲပိုင်က စောင်ခြုံအောက်ကနေ လက်လေးထွက်လာပြီး တည်တံ့ကိုတွန်းထုတ်ပစ်တယ်။ ရင်ဘတ်ကို လက်နဲ့တွန်းတိုက်နေပြီး ထိုလက်သေးသေးလေးတွေက တောင့်တင်းတဲ့ရင်အုပ်ကို ထိမိတဲ့အခါ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဟိုသည်ဖိကြည့်၏။ ပြီးနောက် လက်ပိစိတွေက ရင်အုပ်ကြွက်သားတွေကတဆင့် အောက်ကိုလျှောဆင်းသွားပြီး ဝမ်းဗိုက်ကြွက်သားတွေကို ဖိကြည့်နေပြန်သည်။

ဆေးမသောက်ချင်လို့ ငြင်းနေတဲ့ကောင်လေးက သတိလက်လွတ် တခြားအရာကိုစိတ်ဝင်စားနေတော့ တည်တံ့ သွားစွယ်တွေပေါ်လာအောင် အသံတိတ်ရယ်မောနေပြီး ပုခုံးစွန်းတွေလှု့ပ်ခါလာသည်၊ သူ့ကိုယ်ပေါ်ပြေးလွှားနေတဲ့ လက်ပိစိလေးကို ဆွဲယူလိုက်ပြီး ဘောင်းဘီခွကြားပေါ်တင်ပေးလိုက်မှ အော်သံထုတ်ကာ လက်ပြန်ရုတ်သွားတော့သည်။

Hate Me If You Can (COMPLETED)Where stories live. Discover now