Unicode
မြေနေရာအနေအထားအရ ကမ်းစပ်နဲ့ထိစပ်နေတဲ့အပြင် ကုန်းတွင်းပိုင်းမှာ တည်ရှိနေတဲ့ နယ်နိမိတ်ဖြတ်မျဉ်းက နိုင်ငံနှစ်ခုကိုခြားထားတဲ့ ပင်လယ်ပိုင်နက်အထိပါ အကျုံးဝင်တယ်။
အနီရောင်သတ်မှတ်ချက် ရေမြုပ်တိုင်တွေထောင်ထားတဲ့ ပိုင်နက်ကို မရောက်မချင်း ဦးမိုးဟိန်းကျော်ထွက်ပြေးလို့ရတယ်၊ အဲ့ထက်လွန်လို့တော့မရ။
လူတစ်ရာကျော်က သေနတ်တွေထက် တုတ်တွေ ဓားတွေကို အဓိကသယ်လာကြတယ်။ သူတို့ကစစ်တိုက်နေတာမှမဟုတ်ဘဲ စစ်ပွဲလိုအဓိကရုဏ်းဖန်တီးလို့မရ။ နယ်နိမိတ်စည်းမျဉ်းအပေါ်ကို ရောက်နေတဲ့အတွက် သေနတ်သံကို အထူးဂရုစိုက်ရမည်သာ။ သုံးလေးချက်တော့ ထွက်လို့ရပေမဲ့ပေါ့။
ညဥ့်ဦးပိုင်းမှာပဲ အနက်ရောင်ဗန်ကားတွေ တစ်စီးပြီးတစ်စီး အပျော်မယ်စံအိမ်ကြီးကိုရောက်လာပြီး ကားထဲကနေ သန်မာကြံ့ခိုင်တဲ့ အယ်လ်ဖာနဲ့ဘီတာ အယောက်တစ်ရာကျော်ဆင်းလာတယ်။ လူစုလူဝေးက ဘေ့စ်ဘောတုတ်တွေနဲ့ အသွားတစ်ဖက်ချွန် လက်ကိုင်ရိုး အနီတပ်ထားတဲ့ ပုစိန်တွေကို ကိုင်ဆောင်ထားပြီး ဘယ်လက်နက်ပဲထိထိ အသက်ပျောက်သွားနိုင်သည်ပင်။
မြင့်မားကျယ်ဝန်းပြီး အပျော်အိမ်ကြီးကို ကာကွယ်ထားတဲ့ အုတ်တံတိုင်းကြီးရဲ့ လေးဘက်လေးလံထောင့်တွေမှာ ကင်းစောင့်တွေရှိတယ်။ သူတို့လာတာမြင်ထဲက သေနတ်တွေနဲ့ ချိန်ထားပြီးဖြစ်ပြီး ခပ်မှိန်မှိန်သာထွန်းထားသော မီးလုံးများမှာ ဗို့အားမြှင့်လိုက်တာကြောင့် လင်းထိန်လာတော့သည်။
ငွေရိုင်းက အယ်လ်ဖာအုပ်စုရဲ့ ခေါင်းဆောင်အနေနဲ့ အရှေ့ဆုံးမှာ ပုစိန်တစ်လက်ကိုင်ကာရှိနေပြီး တည်တံ့ကတော့ ကားပေါ်မှာသာထိုင်ရင်း ငြိမ်သက်နေခဲ့၏။
အုတ်တံတိုင်းပေါ်ကနေ သေနတ်နဲ့ချိန်ထားတဲ့ ကောင်တွေကြောင့် သူတို့လက်လွတ်စပယ် လှုပ်ရှားလို့မရသေးပေ။ အစောင့်အကြပ်တွေရဲ့ ခေါင်းဆောင်ဖြစ်သူက လူဝင်ပေါက် တံခါးအသေးတစ်ခုကနေ သေနတ်ကို ပေါ်ပေါ်ထင်ထင် ကိုင်ကာ ထွက်လာခဲ့ပြီး သတိအနေအထားဖြင့်