အခန္း(၂၂)

6K 398 40
                                    

Unicode

ယာဉ်ပေါ်မှာ သော်ဇင်ပါလာခဲ့သည်။ ခန်းထည့်ပေးလိုက်တာပဲ ဖြစ်ရမည်။ တခြားတော့မဖြစ်နိုင်။ သူ့အဖေဆီ သေချာသွားတွေ့ပြီး အချိန်မပေးဖြစ်တာနည်းနည်းကြာပြီ။ ဆူးခက်ကိစ္စနဲ့ သူအိမ်ပေါ်ကဆင်းလိုက်ပြီးထဲက ခန်းကလည်း ပစ်ထားလေသည်။ ဒဏ်ရာကို သေချာလုပ်ပေးပြီးလို့ ဆေးပစ္စည်းတွေပြန်သိမ်းနေတဲ့ သော်ဇင်ကို တည်တံ့က ဘရန်ဒီသောက်ရင်း ကြည့်နေတယ်။ တစ်ခုခုပြောချင်နေသလိုမျိုး မျက်လုံးရဲတွေကလည်း ကျဉ်းမြောင်းနေသေး၏။

အယ်လ်ဖာတစ်ယောက်စိုက်ကြည့်နေတာကိုခံရတာက သော်ဇင့်အတွက် မသက်မသာဖြစ်စေတယ်။ သိမ်းလက်စကို ဆက်မသိမ်းနိုင်တော့ဘဲ ဒီဘက်လှည့်မေးရတဲ့အထိပါပဲ။ သူတို့သားအဖနဲ့နေတာကြာပြီဖြစ်တဲ့အတွက် တစ်ချက်ကြည့်ရုံနဲ့တောင် ဘာလိုချင်သလဲဆိုတာ ခန့်မှန်းတတ်နေပြီ။

"အကိုလေး ကျွန်တော့်ကို ခန်းနဲ့ပတ်သတ်ပြီး တစ်ခုခုပြောစရာရှိလို့လား ဒါမှမဟုတ် ဘာသိချင်တာရှိလို့လဲ"

တည်တံ့က သူသောက်လက်စ ခွက်ကိုခုံပေါ်တင်လိုက်ပြီး ဆေးလိပ်ထုတ်သည်။

"ငါ့မှာပြောစရာမရှိပါဘူး ဒါပေမဲ့ မင်းမေးလို့ငါပြောရတာနော် ငါသိချင်လို့မဟုတ်ဘူး"

စကားပလ္လင်ခံပြီး လျှပ်စစ် ဆေးလိပ်ထုတ်ဖွာတဲ့ အယ်လ်ဖာကို သော်ဇင်ပြုံးပြီးသာကြည့်မိတော့တာပဲ။

"ခန်း နေကောင်းတယ်မလား အခုတလော ဘာသံမှမကြားဖူးလားလို့"

"သခင်က နေကောင်းပါတယ် သူအလုပ်ရှုပ်နေတာပါ၊ အကိုလေးရဲ့ မင်္ဂလာပွဲအတွက် သူအရမ်းတက်ကြွနေတာလေ၊ ထုတ်မပြောပေမဲ့ ပျော်လည်းပျော်နေတယ်"

တည်တံ့က သဘောကျသလိုမျိုး ခပ်ဖွဖွရယ်လိုက်ရင်း ခေါင်းခါကာ

"ပျော်နေတယ်ပေါ့ဟုတ်လား သားဖြစ်သူကိုအတင်းလက်ထပ်ခိုင်းပြီးတော့များ"

"သခင်စိတ်ကြည်နေတာရှားတယ် မကောင်းတာတွေကို မေ့ပြီး ပြုံးနေတတ်တာလည်းရှားတယ်၊ များသောအားဖြင့် သူအဲ့လိုပျော်နေတတ်တာက အကိုလေးအိမ်ပြန်လာတဲ့အချိန်တွေနဲ့ နှင်းဆီတွေစိုက်တဲ့အချိန်ပဲ၊ အခုတော့ နောက်တစ်ခုတိုးလာပြီ အကိုလေးရဲ့အိုမီဂါကိုမြင်ရင်လည်း သခင်က ပျော်နေတတ်တယ်၊ သခင်လေးပိုင်ထူးကိုမြင်ရင် ပိုတောင်ဆိုးသေး မျက်လုံးပါမှိတ်တဲ့အထိ သူ့မြေးကိုစပြီးရယ်နေတတ်တာ"

Hate Me If You Can (COMPLETED)Where stories live. Discover now