အခန္း(၃၂)

6.2K 386 32
                                    

Unicode

A/N - Lombok က နိုင်ငံပိုင်ကျွန်းပါနော် Property အနေနဲ့ ကျွန်းပေါ်က အိမ်တွေ ဟိုတည်တွေပဲ ဝယ်လို့ရပါမယ်၊ ကျွန်းတစ်ခုလုံးကို အပြင်မှာဝယ်မရပါဘူး၊ Huskiverse မှာတော့ ဝယ်လို့ရပါတယ်။ နောက်တစ်ခုက အကိုကြီးဓာတုလွန်တို့တုန်းက 2023-2024 ဝန်းကျင်ပါ။ တည်တံ့တု့ိက နောက်သုံးနှစ်ကျော်အကြာမှာ ဇာတ်အိမ်တည်ထားတာဖြစ်တဲ့အတွက် အခုက 2027-2028 ပါ။

.....

ဟန်းနီးမွန်းက ဦးမင်းဆက်နိုင်လက်ဖွဲ့ထားတဲ့ လုံဘောက်(Lombok) ကျွန်းပေါ်သို့်ဖြစ်၏။ အင်ဒို အနောက် နူဆာတန်ဂါရာပြည်နယ်ပိုင် ကျွန်းတစ်ကျွန်းဖြစ်ပြီး လှပတဲ့ကမ်းခြေတွေ၊ နာမည်ကြီး Mt Rinjani တို့ကြောင့် လူသိများလေသည်။ ထိုနေရာမျိုးကို Personal property အဖြစ်ဝယ်ယူပြီး လက်ဖွဲ့တာ တော်တော်လေး ကျေးဇူးတင်စရာကောင်း၏။

ရေအောက် အဏ္ဏဝါသတ္တဝါများကို ရှာဖွေစူးစမ်းလို့ရတာကြောင့် နာမည်ကြီးပြီး အလှအပတွေပေါင်းစုံရာ နေရာဖြစ်လို့ ရဲရဲ တော်တော်လေးစိတ်လှုပ်ရှားနေ၏။ ဟန်းနီးမွန်းက ကမ်းခြေတစ်နေရာဖြစ်မယ်ဆိုပြီး သိထားပေမဲ့ လုံဘောက်ကျွန်းရယ်လို့တော့ လုံးဝသိမထားခဲ့တာဖြစ်သည်။ ကြိုတ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ရေအောက် အဏ္ဏဝါသတ္တဝါများကို ရှာဖွေစူးစမ်းလို့ရတာကြောင့် နာမည်ကြီးပြီး အလှအပတွေပေါင်းစုံရာ နေရာဖြစ်လို့ ရဲရဲ တော်တော်လေးစိတ်လှုပ်ရှားနေ၏။ ဟန်းနီးမွန်းက ကမ်းခြေတစ်နေရာဖြစ်မယ်ဆိုပြီး သိထားပေမဲ့ လုံဘောက်ကျွန်းရယ်လို့တော့ လုံးဝသိမထားခဲ့တာဖြစ်သည်။ ကြိုတင်ဝယ်ယူထားတဲ့ ရေကူးဝတ်စုံတွေနဲ့ ကမ်းခြေမှာဝတ်ဖို့ အဝတ်အစားတွေက ရုတ်တရက်မလုံလောက်တော့သလို သူခံစားလာရသည်။

တည်တံ့မြဲမြံက အကြင်နာတရားမခေါင်းပါးသေးတာမို့ ကံသီစွာ သူဝှီးချဲစီးရမည့်အဖြစ်မှ လွတ်မြောက်လာခဲ့သည်။ ခန်းရဲ့ private jet က သူတို့မင်္ဂလာယာဉ်ဖြစ်လာပြီး စိတ်မကောင်းစရာက ထူးထူးလေးကိုထားခဲ့ရတာပင်။

လေယျာဉ်ပေါ်မှာ တည်တံ့မြဲမြံက မျက်လုံးအကာကိုဝတ်ထားပြီး အိပ်နေ၏။ ရဲရဲတစ်ယောက်ထဲ စိတ်လှုပ်ရှားပြီး တယွယွဖြစ်နေတာ။ နေလောင်ခံခရင်မ်ဘူးတွေ ပါရဲ့လား နောက်တစ်ခေါက်ပြန်စစ်ပြီး ရေလည်းငုပ်ရမယ်။ လပ်တော့ပ်လေးဖွင့်ပြီး Lombok ကျွန်းပေါ်က အထင်ကရနေရာတွေကို ရှာဖွေကြည့်ရှုနေရင်း ဘာပြီးရင်ဘာလုပ်မယ်ဆိုတာ စာရင်းလုပ်ပြီးချမှတ်ထား၏။

Hate Me If You Can (COMPLETED)Where stories live. Discover now