Unicode
"တိန်! တိန်! တိန်! တိန်!"
အရောင်စုံဘလော့အတုံးလေးတွေက မညီမညာအစီခံထားရပြီး ရှုံးနိမ့်သွားတဲ့အသိပေးချက်က တတိန်တိန်နဲ့ ထွက်ပေါ်နေလေသည်။ ကျယ်ဝန်းပြီး အေးစိမ့်နေတဲ့အခန်းကျယ်ကြီးထဲမှာ ဆိုဖာခုံအကြီးကြီးရှိပြီး ထိုခုံကြီးရဲ့ ရှေ့တည့်တည့်မှာ gaming chair နဲ့အတူ pc set လိုက်ဆင်ထားသော ဖန်သားပြင်မျက်နှာ နှစ်ခုရှိလေသည်။ ရောင်စုံ LED မီးတွေက ဆိုဖာပေါ်မှာ အိပ်မောကျနေတဲ့ ကလေးလေးဆီကို ဖြာကျနေပြီး အခန်းတွင်းရှိ ရေခဲသေတ္တာမှာ ပွင့်ဟလျက်သား။ ကြမ်းပြင်မှာ အရည်ပျော်ကျနေတဲ့ ရေခဲမုန့်တွေရှိပြီး မှောက်ကျထားတဲ့ အအေးဖျော်ရည်ဘူးတွေ ပေပွနေတဲ့ကိတ်မုန့်တွေရှိလေသည်။ မုန့်စင်ကမုန့်တွေလညိး ကုန်လုနီးပါးဖောက်ခံထားရပြီး အကုန်လုံးက တစ်ဝက်တစ်ပျက်နဲ့ ကြမ်းပေါ်မှာလောင်းချထားသလို ဖြစ်နေ၏။
ဆူမိုလေးက ဘေးတစ်စောင်းအိပ်နေတာမို့ ဖောင်းမို့နေတဲ့ပါးပြင်တစ်ဖက်က ဆိုဖာနဲ့အဖိခံထားရပြီး လုံးထွက်နေသည်။ ပါးစပ်လေးဟကာအိပ်ပျော်နေခဲ့ပြီး ညကသူ့ကို ဘယ်သူကမှ အိပ်ဖို့လာမခေါ်တဲ့အတွက် အခန်းထဲမှာ တစ်ယောက်ထဲ သောင်းကျန်းရင်းအိပ်ပျော်သွားခဲ့တာဖြစ်သည်။ လက်ထဲမှာ စားလက်စ ချောကလက်အပြားကြီးကို ကိုင်ထားပြီး အံ့သြဖို့ကောင်းတာက အိပ်ပျော်နေတာတောင် ထိုချောကလက်ကြီးမှာ လွတ်ကျမသွားပါပေ။
ချောကလက်တွေပေကျံနေတဲ့ မျက်နှာဖောင်းလေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေခဲ့ပြီး မနက်လင်းလို့လင်းမှန်းတောင်မသိပါပေ။ မူကြိုသွားရမဲ့အချိန်ကိုရောက်နေပြီဖြစ်ပြီး နောက်ကျတော့မည်ဖြစ်၏။
တည်တံ့မြဲမြံ ဆတ်ခနဲလန့်နိုးလာတဲ့အချိန်မှာ မိုးစင်စင်လင်းနေပြီဖြစ်သည်။ သူ့မျက်နှာက ရဲရဲပိုင်ရဲ့ ဗိုက်သားချပ်ချပ်လေးအပေါ်မှာ ရောက်နေပြီး ထိုကောင်လေးရဲ့ခါးကိုလည်း ခေါင်းအုံးသဖွယ်သိမ်းကြုံးဖက်ထားခဲ့သေးသည်။ တည်တံ့က ခေါင်းထောင်လာပြီး ဗိုက်ကလေးပေါ် မေးတင်ကာ ရဲရဲပိုင်ကို ငေးကြည့်လာသည်။ ထိုကောင်လေးရဲ့ ဆီးစပ်လေးကိုနမ်းပြီး ညက ခဏမှေးလိုက်တာ တန်းအိပ်ပျော်သွားတာပဲ။ ကိုယ်တုံးလုံးလေးဖြစ်နေပြီး တည်တံ့ကိုတစ်ညလုံး သယ်ပိုးထားခဲ့ရပုံပေါ်၏။ အယ်လ်ဖာရဲ့နှုတ်ခမ်းတွေက မသိမသာကော့ညွတ်လာပြီး ထိုကောင်လေးရဲ့ ဗိုက်ကို မေးစေ့နဲ့ပွတ်သပ်လိုက်တယ်။ နှုတ်ခမ်းမွှေးငုတ်တိုလေးတွေရှိနေတာမို့ ယားယံမှုကြောင့် ရဲရဲက လန့်နိုးလာပြီး မျက်မှောင်လေးကျုံ့ကာ မျက်လုံးဖွင့်ကြည့်လာသည်။