အခန်း ၁၁ unicode

3.1K 254 4
                                    

"နမ်းလို့ရမလားလို့"
ညွှန်းသည် ပေါင်ပေါ်တင်ထားတဲ့လက်ကို ဇက်ခနဲပိုက်ချလိုက်၏။ ပြီးတော့ ဟန့်မျက်လုံးကိုလည်း စူးစိုက်ကြည့်နေပါသည်။ ကြည့်နေခြင်းထက် ညွှန်းက မျက်လုံးကနေ အဖြေတခုခုရှာနေဟန် သို့မဟုတ် တခုခု သိလိုနေဟန်။

"မရပါဘူး၊ ဘာအကြောင်းရှိလို့ ကျွန်မကအနမ်းခံရမှာလဲ"

"စီလုံတီးဖိုးလေ"
အကြောင်းအရင်းမရှိ၊ ဒီမိန်းမရဲ့ပါးပြင်တွေကိုမြင်ရင်ကို မနေနိုင်မထိုင်နိုင် ဖြစ်လာရသည်။ ကိုယ်လုပ်မှပဲ သူ့ဟာသူနေတဲ့ စီလုံတီးလည်း အသာကိုမနေရ။

"အို ကျွန်မမှမဝယ်ခိုင်းပါဘဲ"

"လူဖြင့် အပူကြီးထဲ သွားလာရတာ၊ ဒီလောက်လေးတော့ပေးပေါ့၊ စေတနာရှိမှပါ"

"ဟန်နော်.."

အမှန်တိုင်းပြောရရင် ပါးကျိုးပြီထင်တာလေ။ တကယ်က ထိုသို့မဟုတ်ဘဲ ညွှန်းကမျက်လုံးကိုစုံမှိတ်ထားပေးသည်။ လက်တစ်ဖက်က ထဘီစကိုလည်း အသာဆုပ်ကိုင်ထားသေးသည်။

ပြွတ်

အသံမြည်သည်အထိ ခပ်ဖွဖွနမ်းတော့ ညွှန်းပါးပြင်ပေါ်က အမွှေးနံ့သာ ရနံ့တွေဟာ နှာတစ်ဝိုက်ဝယ် စူးခနဲ။ ညွှန်းနှုတ်ခမ်းဖျားကိုပါ ကျူးကျော်မိချင်ပါသော်လည်း မလုပ်သင့်တာမို့ နောက်ပါးပြင်တစ်ဖက်က မှဲ့သေးသေးလေးကိုပဲ ဖိကပ်နမ်းလိုက်ရသည်။

"ဟန် လွှတ်တော့၊ ကျွန်မ ရှိန်းတိန်းဖိန်းတိန်းတွေဖြစ်နေပြီ"
သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်ရင်းပြော၏။ ညွှန်းစကားကြောင့် မထိန်းနိုင်ဘဲ ရယ်ချမိသည်။ မူလကဖွေးဥနေတဲ့ ပါးပြင်တွေဟာ အခုတော့ နီရဲပေါက်လို့လေ။ နောက်  အရှက်ကြီးစွာဖြင့် အနားက ပစ္စည်းတွေကို ဟိုကိုင်ဒီကိုင်လျှောက်ကိုင်နေပါသေးသည်။ ကြည့် ညွှန်းက ချစ်ချင်စရာပါဆို။

"ဘာစားထားလဲညွှန်း"

"ကျွန်မထမင်းစားထားတယ်၊ ဒီကနေ့ ဆိတ်သားချက်တယ်လေ၊ မြိန်တာနဲ့ နှစ်ပန်းကန်တောင်စားလိုက်မိရဲ့"

"ညနေဘာစားချင်လဲ၊ သွားဝယ်ပေးမယ်"

"တော်ပါပြီကွယ် စီလုံတီးတွေရှိနေတာပဲကို၊ ဒါနဲ့ ဘယ်ကဝယ်လာတာလဲ"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now