အခန်း ၂၅ unicode

3K 250 5
                                    

"ကျွန်မသုတ်ပေးမယ်"

မြစ်ထဲခုန်ဆင်းထားတဲ့အရှိန်ကြောင့် ဆံပင်အောက်အဖျားတွေက စိုနေပါ၏။ ကိုယ့်ဟာကိုယ်သာဆို ပစ်ထားမိမည်။ အခုတော့ ချစ်ရတဲ့ အာဏာရှင်လေးက အမိန့်ပေးနေပြန်၏။

"ရူးကြောင်ကြောင်နဲ့ကွယ်၊ အရူးလေးပဲ"

"ဟုတ်ပါ့ အချစ်ရူးလေ"

"ပိုကိုပိုလွန်းတယ်"

"အန်တီသွယ်တို့ကိုပြောကြမလား"

"နေပါဦး နောက်များကျမှ ကျွန်မပြောပါ့မယ်"

"အမခြယ်တို့ကိုလည်း ပြောချင်တယ်၊ နောက်ပြီး လေးလေးမြိုင်.."

"တရွာလုံးကိုပတ်ပြောတော့မလို့လား"

"ညွှန်းက ကျွန်တော်ပိုင်တာဆိုတာ အားလုံးကိုအသိပေးချင်တယ်"

"ပိုင်ပိုင်နင်းနင်းနဲ့"

အဲဒီလိုသာပြောပေမဲ့ ညွှန်းမျက်နှာကတော့ ကြည်နူးရိပ်များသမ်းနေပါ၏။ ဆံပင်ကို ပဝါစနဲ့ခပ်ဖွဖွသုတ်ပေးနေတာမို့ အလိုက်သင့်ငြိမ်ပေးနေရသည်။

အရှေ့ကိုအနည်းငယ်တိုးသွားလိုက်ပြီး ကိုယ်ကိုကိုင်းကာ ညွှန်းရင်ခွင်ထဲခိုလှုံမိ၏။ အချိန်တိုင်း ဟန်ကပဲ သူမကို ပွေ့ဖက်ထားခဲ့သည်မလား။

"အေးချမ်းလိုက်တာ တသက်လုံးဝင်နေချင်တယ်"

ဘယ်ဘက်ရင်အုံပေါ်မျက်နှာအပ်မိတော့ ညွှန်းရဲ့ရင်ခုန်သံတွေဟာ အဆမတန်ပြင်းထန်နေပါ၏။ သတိထားမိသွာရယ်တော့ ညွှန်းက မျက်မှောင်ကြုတ်သည်။

"ဒီလိုတွေကပ်နေမှပေါ့ရှိမှာပေါ့"

"ကျွန်တော်တို့က သမီးရည်းစားတွေပဲလေ"

"ကျွန်မဖြင့် ရည်းစားသာထားခဲ့ဖူးတာ ဟောဒီလောက်အထိ မကပ်ခဲ့ဖူးဘူး"

ညွှန်းစကားကြောင့် ချက်ချင်းမတ်တပ်ထရပ်မိသည်။ ထိုမှ သူမလည်း စကားမှားသွားကြောင့် ရိပ််မိသွားဟန်။

"ကျွန်မပြောတာက.."

"အင်းလေ ရှိခဲ့ဖူးမှာပေါ့"

"ကျောင်းတက်တုန်းကပါ ကြာခဲ့ပြီလေ၊ဟန် နော်"

"မသိချင်ဘူး"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now