အခန်း ၅၇ unicode

2.4K 233 7
                                    

ယနေ့မြို့တက်ပြီး စျေးဝယ်ဖြစ်ကြသည်။ ရွာကားနဲ့ဆိုပိုပင်ပန်းတာမို့ ဟန့်ကားသာယူခဲ့၏။ အခါတိုင်းလို ခွဲမသွားတော့ပါဘဲ ညွှန်းဆီသာတောက်လျှောက်လိုက်နေရသည်။ အကြောင်းမှာ အထည်သစ်တွေက ဟိုနေ့ကမှရောက်ထားတာမို့ ထပ်တင်ဖို့မလိုသေး။ သို့သော် ချည်ဖောက်ဇာ လေးငါးအုပ်တော့ ဝင်ယူရပါဦးမည်။

"ဒီလေဖောင်းထုပ်တွေ ပေးပါညီမ"

"ဒီမုန့်အစိုတွေကတော့ ဒိတ်လွန်ရက်နီးပြီအမ၊ ယူချင်တယ်ဆိုလည်း နည်းနည်းသာယူ၊ စျေးလျှော့ပေးလိုက်မယ်"

"ဗိုက်ဆာပြီလားမောင်မောင်၊ ခဏနော် ပြီးခါနီးပြီ"

"ဖြည်းဖြည်းသာလုပ်ပါ၊ ကျွန်တော်မဆာသေးဘူး"

ဟန်တို့နဲ့အတူ ဆရာမလေးတို့နှစ်ယောက်လည်းပါပါသေး၏။ ရောက်တုန်းရောက်ခိုက် မိဘတွေဆီသွားလည်နေကြခြင်းပင်။

"မပုလဲ ညီမလေးလား"

လုပ်ပြန်ပါပြီ။ တခြားစီဖြစ်နေတဲ့ ရုပ်ရည်အသွင်အပြင်တွေကို ဘာကြည့်ပြီး ကောက်ချက်ချကြတယ်ရယ်မသိ။

"ကျွန်မချစ်သူပါ"

ဟန် ဇက်ခနဲလှည့်ကြည့်တော့ ညွှန်းက မသိသလိုပြုနေလေသည်။ ထိုအမမှာလည်း အံ့ဩသွားဟန်။

"လိုက်တယ်မပုလဲ"

"ကျွန်မတော့ အများကြီးအားပေးရတော့မှာပဲ"

ညွှန်းဟာ လူကိုနည်းနည်းလေးမှ လှည့်မကြည့်ပါ။ မသိရင် သူများအကြောင်းပြောနေတဲ့အတိုင်း။

"ဒီအအေးဖာတွေ နိုင်ရင် တခါတည်းသယ်သွားလိုက်ပါလား၊ ရွာကားနဲ့တင်ရင် ပစ္စည်းတွေများတော့ ကွဲမဆိုးလို့"

"ရတယ်ကလေး၊ နိုင်တယ်ရယ်"

"စာအုပ်တွေ ကုန်တော့မယ်နော်ပုလဲ"

"ဟုတ်သားကွယ် မေ့တော့မလို့၊ ခပ်ကောင်းကောင်းထဲက ဆယ်ဒါဇင်ပေး ညီမလေး"

"မျဉ်းကြောင်းပါတာတွေလား"

"ရောသာထည့်လိုက်"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now